ပြင်သစ်နိုင်ငံ မာဆေးလ်မြို့ ဘူတာရုံမှာမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်ကြောင်း IS အဖွဲ့က ကြေညာ

ပြင်သစ်နိုင်ငံ မာဆေးလ်မြို့ ဘူတာရုံမှာမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်ကြောင်း IS အဖွဲ့က ကြေညာလိုက်ပါတယ်။ အဲဒီဖြစ်စဉ်မှာ အကြမ်းဖက်သမားတစ်ယောက်ရဲ့တိုက်ခိုက်မှုကြောင့်အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ ပါတယ်။ အမျိုးသမီးတစ်ယောက်ကိုတော့ အကြမ်းဖက်သမားက ဘာသာရေးကြွေးကျော်သံကို အော်ဟစ်ပြီး လည်ပင်းကို ဓားနဲ့ လှီးခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်သမားကိုတော့ လုံခြံုရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်ပြီး မြန်မာနို်င်ငံကို ဝေဖန်ခဲ့တဲ့ ပြင်သစ် သမ္မတ မာကွန် အနေနဲ့ ဘင်္ဂလီအကြမ်းဖက်အဖွဲ့ ARSA ဟာလည်း IS လို အစွန်းရောက်အဖွဲ့ ဖြစ်ပြီး အစ္စလမ်ဘာသာဝင်ရော၊ အခြားဘာသာဝင်တွေကိုပါ လည်လှီးတာအပါအဝင် ရက်စက်တဲ့ နည်းလမ်းတွေနဲ့ သတ်ဖြတ်နေတဲ့အဖွဲ့ဖြစ်ကြောင်း နားလည်စေချင်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ သူတို့ကို ဆန့်ကျင်တဲ့ ဘင်္ဂလီရွာသား ငါးဆယ်ကို ARSA က သတ်ခဲ့ပါတယ်။ အဲဒါဆိုရင် မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုအခြေအနေကို ကိုယ်ချင်းစာ နိုင်မှာပါ။ ကျွန်တော်တို့ဟာ အစ္စလမ်ဘာသာနဲ့ အကြမ်းမဖက်တဲ့ ဘင်္ဂလီတွေကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ အကြမ်းဖက်သမား အစွန်းရောက်အဖွဲ့ကို တိုက်ခိုက်နေတာပါ။

No comments