ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ ဘုရင့်နောင်မင်းတရားကြီး၏ မျိုးဆက်များ

ဗိုလ်မင်းအနွယ် (Bohmong Circle)ဟာ မြန်မာပြည် နန္ဒဘုရင် (ဘုရင့်နောင် မင်းတရားကြီး၏ သားတော်) မှ ဆင်းသက်လာကြသူများ ဖြစ်ကြပါသည်။၁၅၉၉တွင် ရခိုင်ဘုရင် ပဲခူးသို့ စစ်ချီစဉ်က နန္ဒဘုရင်၏ သမီးတော် မင်းသမီး ခင်နှောင်းနှင့် မောင်တော်ကို ရခိုင်သို့ ဆောင်ယူသွားခဲ့သည်။ ထို့နောက် မင်းသမီး ခင်နှောင်းကို မိဘုရားမြှောက်ကာ သူ့မောင်တော် မောင်စောဖြူကို စစ်တကောင်း ​တောင်တန်းနယ်ကို အပိုင်စားပေး အုပ်ချုပ်စေခဲ့သည်။ ၁၆၁၄ တွင် မောင်စောဖြူသည် ထိုဒေသကို ဝင်ရောက်ကျူးကျော်သော ပေါ်တူဂီများကို တိုက်ထုတ်နိုင်ခဲ့သောကြောင့် ဗိုလ်မင်း (Bohmong – King Of General)ဘွဲ့ကို ရရှိခဲ့သည်။ ထိုဒေသကို သားစဉ်မြေးဆက် အုပ်ချုပ်လာခဲ့ရာမှ ယခုစော်ဘွား ဦးစောဖြူ သည်​ (၁၇) ဆက်မြောက် နယ်စားစော်ဘွား ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် စစ်တကောင်း ​ဒေသကို- -ဗိုလ်မင်းထောင် (Bohmong – Bandarban District)၊ -သက်ထောင် (Chakma – Rangamati District)၊ -ဖလံထောင် (Mong – Kahgrachhari District) ဟူ၍ (၃) ပိုင်း ခွဲခြားကာ စော်ဘွားနယ်စား အုပ်ချုပ်ရေးဖြင့် ယနေ့တိုင် အုပ်ချုပ်လာခဲ့ကြသည်။သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေကို The Chittagone Hill Tracts Art 1990 ဖြင့် အတည်ပြုပေးခဲ့သည်။စစ်တကောင်းနယ်တွင် မောင်စောဖြူလက်ထက်မှစ၍ ယနေ့တိုင်အုပ်စိုးခဲ့သော ဗိုလ်မင်းများမှာ- 1) U MONG SAW PRU ( ၁၅၉၉ – ၁၆၃၁ ) 2) U MEN RAI PRU ( ၁၆၃၁ – ၁၆၆၅ ) 3) U HARI PRU ( ၁၆၆၅ – ၁၆၈၇ ) 4) U HARI GNEO ( ၁၆၈၇ – ၁၇၂၇ ) 5) U KOUNG HLA PRU ( ၁၇၂၇ – ၁၈၁၁) 6) U SATHUN PRU ( ၁၈၁၁ – ၁၈၄၀ ) 7) U KONG HLA GNEO ( ၁၈၄၀ – ၁၈၆၆ ) 8) U MOUNG PRU ( ၁၈၆၆ – ၁၈၇၅ ) 9) U SANA YEO ( Sa Nhine Nyo) (၁၈၇၅ – ၁၉၀၁) 10) U CHOW HLA PRU ( ၁၉၀၁ – ၁၉၁၆ ) 11) U MONG CHOW GNEO ( ၁၉၁၆ – ၁၉၂၃ ) 12) U KYAW ZAN PHROO ( ၁၉၂၃ – ၁၉၃၃ ) 13) U KYAW ZAW THAN ( ၁၉၃၃ – ၁၉၄၈ ) 14) U MAUNG SHWE PRUE ( ၁၉၄၈ – ၁၉၅၉ ) 15) U AUNG SHWE PRUE ( ၁၉၅၉ – ၂၀၁၂ ) 16) U KYAW SAIN PRUE ( ၂၀၁၂ – ၂၀၁၃ ) 17) U SAW PRUE or U CHOW PRUE ( ၂၀၁၃ – ယနေ့ထိ)အချက်အလက်များအတွက် ကူညီပေးပါသော ကိုညီညီ၊ ကိုသူရစိုးနှင့် အခြားကျန်ရှိသော သူများအားလုံးတို့ကို အထူး ​ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Ko Nway Oo Maung ပို့စ်​အား ကူးယူ ​ဖော်​ပြပါသည်​။

No comments