တနင်္သာရီတိုင်းဒေသကြီးတွင်

တနင်္သာရီတိုင်းဒေသကြီးတွင် အကြီးဆုံး ဖြစ်လာမည့် ထိုင်တော်မူ ဘုရားတစ်ဆူအား တည်နေ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျောက်ထောင့်ကျေးရွာ အနီးရှိ ဝေမိဿကတောင် (ခေါ်) ကနန်းတောင်အပေါ်၌ တနင်္သာရီတိုင်းဒေသကြီး တွင် အကြီးဆုံးဖြစ်လာမည့် ထိုင်တော်မူ ဘုရားတစ်ဆူကို ပူဇော်တည်နေကြောင်း သိရှိရသည်။ ကနန်းတောင်အပေါ်၌ အရှေ့ဘက်သို့ မျက်နှာမူလျက် အမြင့် ၁၈၉ ပေရှိသည့် မုနိမဟာမုနိ ဗုဒ္ဓရုပ်ပွားတော်ထိုင် တော်မူ ဘုရားအားကြီးအား ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးတင်မြနှင့် ဒေါ်တိုးတိုးရီမိသားစုတို့မှ ဆောက်လုပ်လှူ ဒါန်းနေခြင်းဖြစ်ကြောင်း သိရသည်။ “သူကထားဝယ်ဇာတိဆိုတော့ ဒီမှာလာလှူဖြစ်တာပါ။ ကုန်ကျငွေကတော့ သိန်းပေါင်း ၃၀၀၀၀ ကုန်ကျမယ်လို့ တော့ ခန့်မှန်းထားပါတယ်။ တစ်ဦးတည်းအလှူဆိုတော့ သူလည်း တော်တော်လေးကိုကြိုးစားရမှာပါ။”ဟု ကျောက်ထောင့်ကျောင်းဆရာတော်ကမိန့်သည်။ အဆိုပါ ဘုရားကြီးအား ၂၀၁၃ ခုနှစ်၊ မတ်လ ၂၆ ရက်တွင်စတင်၍ အုတ်မြစ်ချ ဆောက်လုပ် နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကာ လက်ရှိတွင် ၄၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ ကနန်းတောင်မှာ ထားဝယ်ခရိုင်၏ ထင်ရှားသော ဘုရားတောင်များ၌ တစ်ခုအပါအ ဝင်ဖြစ်ပြီး ကနန်းတောင်တွင် တောင်ငယ် ၉၉ တောင်၊ ရေမြောင်းပေါင်း ၉၉ ခုတည်ရှိခြင်းကြောင့် ကိုးဆယ့် ကိုးတောင် ရွှေကနန်းတောင်၊ ကိုးဆယ့်ကိုးမြောင် ရွှေကနန်းတောင်ဟု လည်းခေါ်ဆိုကြောင်း သိရသည်။##ရတနာပုံသတင်းစာ

No comments