ရာ မ အဆောင်ဖြစ်သွားသော စိုက်ပျိုးရေးသိပ္ပံကျောင်း

Tin Maung Thein 18 hrs ကျေးဇူးပြု၍ ဒီStatus ကိုရှယ်ပေးကြပါရန်မေတ္တာရပ်ခံပါသည်။ ====================================== ၁၉၇၆ခုနှစ်မှာ ကျနော်စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနားကျောင်း)ကို တက်ပါတယ်။သုံးနှစ်သင်တန်းပါ။၁၉၇၇ခုနှစ်နွေကျောင်းပိတ်တော့ ကျောင်းအုပ်ဆရာကြီး ဦးထွန်းမြင့်က အိမ်မပြန်ခင် ကျနော့ကိုခေါ် တွေ့ပြီး နွေကျောင်းပိတ်ရက် မင်းအိမ်မှာရှိနေမလားလို့မေးပါတယ်။ ငါလာမလို့ ကွ။ဟုတ်ကဲ့ရှိနေပါတယ်။ဆရာကြီးဘာလာလုပ်မှာလဲ လို့မေးတော့ အလုပ်နှစ်ခုကွ။တခုက နောင်ချိုမှာစိုက်ပျိုးရေးသိပ္ပံ ကျောင်းတကျောင်းဖွင့်ဖို့ရယ် လားရှိုးမှာ ပိုးမွေးမြူရေး နဲ့ပိုးထုတ်တဲ့ စက်ရုံ အခြေအနေသွားကြည့်မလို့။ စိုက်ပျိုးရေးကျောင်းတကျောင်းဖွင့်မယ်ဆိုတော့ ပျော်သွားတယ်။ မဆလခေတ်က စိုက်သက်မွေးညွှန်ချုပ်က အဲ့ဒီအချိန်မှာကျနော်တို့ကျောင်းအုပ်ကနေ ရာထူးတိုးသွားတဲ့ ဆရာကြီးဦးမြင့်သန်းပါ။ ကျောင်းတက်ရတာသုံးနှစ်မှာဆရာကြီးဦးသိန်းထွန်း နောက်ဆရာကြီးဦးမြင့်သန်းနဲ့နောက်ဆုံးဆရာကြီး ဦးထွန်းမြင့် ဆုံခဲ့ရတယ်။အဲ့ သည်ခေတ်က စိုက်ပျိုးရေးသိပ္ပံကျောင်းဟာ ပျဉ်းမနားနဲ့သထုံနှစ် ကျောင်းဘဲရှိပါတယ်။ စိုက်ပျိုးရေးသိပ္ပံကျောင်းသစ်တကျောင်းနောင်ချိုမှာ တည်ဖို့ဆို တော့ ကျနော် မနာလိုဖြစ်သွားတယ်။လူငယ်အတွေးလူငယ်စိတ်နဲ့ နောင်ချိုကမြေသားမကောင်းဘူး။ဂုတ်ထိပ်တည်ထားတဲ့နေရာသာ ကြည့်ဆရာကြီး အောက်မြေသားထု ပါးတယ်။ကျောက်လွှာတွေ ချည့်ဘဲ။ကျနော်တို့ကျောက်မဲ က စိုက်ပျိုးရေးတကယ်လုပ်တဲ့မြို့။ မြို့လည်ခေါင်မှာတင်စိုက်ခင်းတွေရှိတယ်။ဟင်းသီးဟင်းရွက်တွေ ရာသီမရွေးထွက်တယ်။မြေလွတ်လဲအများကြီးရှိတယ်။ကျောင်းဖွင့် မယ်ဆိုရင် ကျောက်မဲနဲ့အသင့်တော်ဆုံးဘဲ……လို့ပြောလိုက်တယ်။ လားရှိုးကပိုးချည်စက်ရုံနေရာဟောင်းကိုကျနော်သိတယ်။ရောက်လဲရောက်ဖူးတယ်။အဆောင်ဟောင်းတွေဘဲရှိတော့တာ။စက်တွေမှမရှိတော့တာ။ကျနော်ရောက်တာတောင်၁၉၆၁ /၆၂ခုနှစ်အခြေအနေကိုပြောတာ။ကျနော်ရောက်တုံးကအဲ့သည်နေရာတွေမှာကိုး ကန့်ပြည်သူ့စစ်စခန်းဖြစ်နေပြီ။လော်စစ်ဟန်ပြည်သူ့စစ်စခန်းချနေ ပြီ။လားရှိုးကြီးစျေး အရှေ့ဖက်မှာရှိတယ်။ ဆရာကြီးလာမယ်ဆိုတဲ့ရက် ဘူတာကိုသွားကြိုပါတယ်။ဆရာကြီးရောက်မလာပါဘူး။ကျောင်းပြန်ဖွင့်လို့ ဖိုင်နယ်နှစ်မှာဆရာကြီးဦးထွန်းမြင့်ကိုမေးကြည့်ပါတယ်။ ဆရာကြီးလာမယ်ဆိုလို့ဘူတာသွားကြိုသေးတယ်။ဘာလို့မလာဖြစ်တော့တာလဲ………လာစရာမလိုတော့ဘူးလေကွာ။မင်းပြောတဲ့ အတိုင်းငါအစီရင်ခံစာတင်ပေးလိုက်ပြီ။စိုက်ပျိုးရေးကျောင်းကိုလဲ ကျောက်မဲမှာဖွင့်သင့်တယ်လို့ရေးပေးလိုက်တယ်။ သိပ်မကြာပါဘူး။ပါတီကောင်စီတွေစိုက်/သိပ္ပံအတွက်မြေတွေရှာသတဲ့။ဘတ်ဂျက်ကျတော့ ကျောင်းဆောက်သတဲ့။ကျနော်က တော့ စိုက်ပျိုးရေးတက္ကသိုလ်ဆက်တက်နေပြီလေ။ကျောင်းဆောင်တွေ စာသင်ဆောင်တွေ နှစ်ဆောင်ဆောက်ပြီးသွားရော ဘာမှ ဆက်မလုပ်နိုင်ဘဲ ပစ်ထားလိုက်ကြတယ်။စစ်အုပ်ချုပ်ရေးတက်လာတော့ တပ်ကထိန်းလိုက်တယ်။ခုတော့ ထိန်းမဲ့သူမရှိဘူး။အုပ်ချုပ်ရေးနဲ့စီမံခန့်ခွဲရေးတွေ လွှတ်တော်အမတ်တွေကလဲ ဘာမှ ဆက်မလုပ်နိုင်ဘူး။ဘာလုပ်ရင်ကောင်းမလဲ။ဘယ်လိုထိန်းသိမ်းရင် ကောင်းမလဲ။အစိုးရပိုင်အဆောက်အဦး နေရာကိုဒိထက်ပိုပြီးမပျက်စီးအောင် ဘာလုပ်သင့်သလဲ ခရိုင်နဲ့မြို့နယ်စီ/ခန့်တွေစဉ်းစား သင့်တယ်။ ကျနော်သာလွှတ်တော်ကိုယ်စာလည်ဆိုရင် လွှတ်တော်မှာမေးခွန်းမေးမယ်။ဒီအဆောက်အဦကို စိုက်ပျိုးရေးကျောင်းအတွက်ပြန် သုံးမလား ဒါမှမဟုတ်နည်းပညာကောလိပ်လိုဟာဖွင့်ခွင့်ရအောင် အားထုတ်မလား။ဒါမှမဟုတ် မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးပြန်လည် ထူထောင်ရေးစခန်း ဖွင့်မလား။အစိုးရကိုတိုက်တွန်းရမယ်။အကူအညီတောင်းရမယ်။ ခုတော့ အစွန့်ပစ်ခံဘဝနဲ့ ခြုံနွယ်ပိတ်ပေါင်းတွေကြား ရာမမင်းသား တွေရဲ့ လွတ်မြောက်နယ်မြေဖြစ်နေပြီ။ဒုတ် ဒါးလှံ များတခါရံ သေနတ်အတို နဲ့ ဖောက်ကားရောင်းဝယ်နေတဲ့ ရာမဆောင်ဖြစ်လို့ နေပြီ။ ရှက်တတ်ရင် လဲသေလို့ရတဲ့မြို့ အတွင်းရေးက ဒိထက်နက်ရှိုင်း တယ်။မပြောမပြီးလို့သာ……………။

No comments