အမေရိကန်ကို မြောက်ကိုရီးယား တိုက်နိုင်စွမ်းရှိဖို့ လ ပိုင်းပဲလို

အေမရိကန္ကို ေျမာက္ကိုရီးယား တိုက္ႏိုင္စြမ္းရွိဖို႔ လ ပိုင္းပဲလို ================== ================== ေျမာက္ကိုရီးယားဟာ အေမရိကန္ျပည္ေထာင္စုကို ႏ်ဴကလီးယားဒုံးက်ည္နဲ႔ တိုက္ခိုက္ႏိုင္စြမ္းတဲ့ အေျခအေနကိုေရာက္ဖို႔ လ အေတာ္ၾကာေလာက္ပဲ လိုေတာ့တယ္လို႔ အေမရိကန္ ထိပ္တန္းတာဝန္ရွိသူႏွစ္ဦးက ေျပာပါတယ္။ ေျမာက္ကိုရီးယားရဲ႕ ၿခိမ္းေျခာက္မႈ ပိုႀကီးလာတဲ့အေပၚနဲ႔ အေရွ႕အာရွေဒသမွာ ႏ်ဴကလီးယား လက္နက္ၿပိဳင္ဆိုင္မႈ ျဖစ္လာႏိုင္ေျခ အေပၚ အထူးပဲ စိုးရိမ္မိတဲ့အေၾကာင္း ဝါရွင္တန္ၿမိဳ႕ေတာ္မွာ ၾကာသပေတးေန႔ကလုပ္တဲ့ ေဆြးေႏြးပြဲတခုအတြင္း CIA ၫႊန္ၾကားေရးမွဴး Mike Pompeo ကေျပာသြားပါတယ္။ အေမရိကန္က ပစ္မွတ္ေတြကို တိုက္ခိုက္ႏိုင္တဲ့ ဒုံးက်ည္နည္းပညာကို ေျမာက္ကိုရီးယားက ရေအာင္လုပ္ေနတာနဲ႔ပတ္သက္ၿပီး ေမးတဲ့အခါမွာ CIA အႀကီးအကဲ Pompeo က အဲဒီရည္မွန္းခ်က္ကို သူတို႔ ျပည့္မီေတာ့မယ္လို႔ ယူဆၿပီးေတာ့ က်ေနာ္တို႔ လုပ္ေဆာင္ၾကရပါမယ္လို႔ ေျပာပါတယ္။ ဒီအေျခအေနကို စစ္ေရးနည္းနဲ႔မဟုတ္ဘဲ ေျဖရွင္းဖို႔ အေမရိကန္ဟာ အေျပးအလႊားလုပ္ေနရတယ္လို႔ အေမရိကန္ လုံၿခဳံေရး ဆိုင္ရာ အႀကံေပးပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ႀကီး H. R. McMaster က အဲဒီေဆြးေႏြးပြဲအတြင္းမွာပဲ ၾကာသပေတးေန႔ေႏွာင္းပိုင္းက ေျပာသြား ပါတယ္။ အခ်ိန္မရွိေတာ့တာ မဟုတ္ပါဘူး၊ အခ်ိန္ သိပ္မက်န္ေတာ့တာပါ၊ လက္ခံၿပီး တားဆီးဖို႔ဆိုတာကေတာ့ လက္ခံႏိုင္ဖြယ္ ရာမရွိပါဘူးလို႔ ဗိုလ္ခ်ဳပ္ႀကီး McMaster ကေျပာပါတယ္။ ေျမာက္ကိုရီးယားက ၿပီးခဲ့တဲ့လမွာ ေျခာက္ႀကိမ္ေျမာက္ ႏ်ဴကလီးယား စမ္းသပ္မႈကို လုပ္ခဲ့ၿပီးတဲ့ေနာက္ အေမရိကန္နဲ႔ ေျမာက္ကိုရီးယားအၾကား တင္းမာမႈအရွိန္ တျဖည္းျဖည္းခ်င္း ျမင့္တက္လာေန ခ်ိန္မွာပဲ မစၥတာ Pompeo နဲ႔ ဗိုလ္ခ်ဳပ္ႀကီး McMaster တို႔ အခုလို ေျပာၾကတာျဖစ္ပါတယ္။ =========== VOA Burmese News မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကို နျူကလီးယားဒုံးကျည်နဲ့ တိုက်ခိုက်နိုင်စွမ်းတဲ့ အခြေအနေကိုရောက်ဖို့ လ အတော်ကြာလောက်ပဲ လိုတော့တယ်လို့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူနှစ်ဦးက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု ပိုကြီးလာတဲ့အပေါ်နဲ့ အရှေ့အာရှဒေသမှာ နျူကလီးယား လက်နက်ပြိုင်ဆိုင်မှု ဖြစ်လာနိုင်ခြေ အပေါ် အထူးပဲ စိုးရိမ်မိတဲ့အကြောင်း ဝါရှင်တန်မြို့တော်မှာ ကြာသပတေးနေ့ကလုပ်တဲ့ ဆွေးနွေးပွဲတခုအတွင်း CIA ညွှန်ကြားရေးမှူး Mike Pompeo ကပြောသွားပါတယ်။ အမေရိကန်က ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ ဒုံးကျည်နည်းပညာကို မြောက်ကိုရီးယားက ရအောင်လုပ်နေတာနဲ့ပတ်သက်ပြီး မေးတဲ့အခါမှာ CIA အကြီးအကဲ Pompeo က အဲဒီရည်မှန်းချက်ကို သူတို့ ပြည့်မီတော့မယ်လို့ ယူဆပြီးတော့ ကျနော်တို့ လုပ်ဆောင်ကြရပါမယ်လို့ ပြောပါတယ်။ ဒီအခြေအနေကို စစ်ရေးနည်းနဲ့မဟုတ်ဘဲ ဖြေရှင်းဖို့ အမေရိကန်ဟာ အပြေးအလွှားလုပ်နေရတယ်လို့ အမေရိကန် လုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး H. R. McMaster က အဲဒီဆွေးနွေးပွဲအတွင်းမှာပဲ ကြာသပတေးနေ့နှောင်းပိုင်းက ပြောသွား ပါတယ်။ အချိန်မရှိတော့တာ မဟုတ်ပါဘူး၊ အချိန် သိပ်မကျန်တော့တာပါ၊ လက်ခံပြီး တားဆီးဖို့ဆိုတာကတော့ လက်ခံနိုင်ဖွယ် ရာမရှိပါဘူးလို့ ဗိုလ်ချုပ်ကြီး McMaster ကပြောပါတယ်။ မြောက်ကိုရီးယားက ပြီးခဲ့တဲ့လမှာ ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို လုပ်ခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား တင်းမာမှုအရှိန် တဖြည်းဖြည်းချင်း မြင့်တက်လာနေ ချိန်မှာပဲ မစ္စတာ Pompeo နဲ့ ဗိုလ်ချုပ်ကြီး McMaster တို့ အခုလို ပြောကြတာဖြစ်ပါတယ်။

No comments