သီတဂူဆရာတော်ကြီးရဲ့ ထေရ်ရုပ္ပတ္တိ

သီတဂူဆရာတော် ဦးဉာဏိ ဿ ရ _ (၁၉၃၆ခုနှစ်)မြန်မာသက္ကရာဇ် ၁၂၉၈ – ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ _ အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင် ပညာ သင်ကြားခဲ့ပါသည်။အသက်(၁၅)နှစ် အရွယ်တွင် ရှင်သာမဏေ ပြုခဲ့ပါသည်။ သက္ကရာဇ် ၃၁၈ – (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ် အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြုခဲ့ပြီး ရှင်သာမဏေပြုချိန်မှ စ၍ ပိဋကတ် အခြေခံ ကျမ်စာများကို သဲကုန်းမြို့တပ် အလယ်တန်းကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။ ၁၃၂၂ – ဓမ္မာစရိယတန်းအောင်။ ရန်ကုန်မြို့၊ တာမွေ သိမ်ကုန်းတိုက်၊ မန္တလေးမြို့ အနောက် ခင်မကန်တိုက်၊စကုတိုက်၊ တောင်သမန်တိုက်၊မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ဘုရားကြီတိုက်၊ရွှေရေးဆောင်တိုက်များတွင် အဆင့်မြင့် ပိဋကတ် ကျမ်းစာများကို သင်ကြား ခဲ့ပါသည်။ – ၁၃၂၃-၂၆ – ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များ သင်ကြား ခဲ့ပါသည်။ – ၁၃၂၆-၂၇ – ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ ဘီ၊ ဘီအမ်အေကောလိပ် (မြန်မာဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ – ၁၃၂၉ – ၁၃၃၃ – စစ်ကိုင်းတောင် အနီးစခန်း ဆရာတော်ထံ၌ ပိဋကတ် ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ခဲ့ပါသည်။ – ၁၃၃၄ – ၃၇ – (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရ စခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့ပါသည်။ – ၁၃၃၈ – စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်းကို စတင်တည်ဆောက်ခဲ့ပါသည်။ – ၁၃၄၂ – ၄၇ – စစ်ကိုင်းတောင် ချောင်ပေါင်း (၉၀၀)ခန့်အတွက်သီတဂူ ရေအလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့ပါသည်။(တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိပြီး ဧရာဝတီမြစ် အတွင်းမှ ရေများကို စစ်ကိုင်းတောင်ရိုးပေါ် အရောက် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။) – ၁၃၄၇ – ဝါခေါင်လပြည့်နေ့မှစ၍ သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်ခဲ့ပါသည်။(တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ်ကျပ်သိန်း(၂၀)ခန့်ဖြင့် ဆေးဝါး ကုသဒါနပြုလျှက် ရှိပါသည်။) – ၁၃၅၁ – ဆေးရုံပြီးမြောက်(ကုတင်-၁၀၀ဆန့် ကျပ် သိန်း ၅၀၀ကျော် ကုန်ကျပါသည်။)ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊အာယုဒါန အလှူတော် သာမက ပညာရး၊ လူမှုရေး၊ မိဘမဲ့ ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိပါသည်။ဆရာတော်ကြီးသည် မြန်မာပြည်တွင်း ကျန်းမာရေး၊ ပညာရေးနှင့်ဧရာဝတီ အလှူတော်လုပ်ငန်များကို လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ဆရာတော်ကြီး၏ ရေအလှူတော်၊ ဆေးရုံနှင့် ဆေးအလှူတော် လုပ်ငန်းများမှာ ကြည်ူးဖွယ်ရာ ဖြစ်သည်။ဆားတောင်၊သီပေါ၊ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊မင်းတပ် (ချင်းပြည်နယ်) နဲ့ မြိုင်ကြီးငူ (ကရင်ပြည်နယ်) တို့၌ ဆေးရုံများ တည်ဆောက်နေသည်။ ဆေးရုံ ၈ ရုံ ရှိပြီး ဆေးရုံ တစ်ရုံကို ကျပ်ငွေ သိန်း ၁၀၀၊ ဆေးပစ္စည်း သိန်း၁၅၀ ကုန်ကျမှာ ဖြစ်သည်။မျက်စိအလင်းရရန် ခွဲစိတ်ကုသပေးနေသောပြည်သူ ၁ သောင်းခွဲရှိသည်။ နှစ်စဉ်၁ သောင်းခွဲ အလင်းရဖို့ လုပ်ပေးနေခြင်း ဖြစ်သည်။ ” ပြည်ပသာသနာပြုခရီး ” ================ – ၁၉၈၁ခုနှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ် သွားရောက် သာသနာပြုခဲ့ပြီး အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ဝါကပ် ဆိုခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ဝါဆိုစဉ် တက္ကသိုလ် ကောလိပ်များတွင် ဗုဒ္ဓဒေသနာ ကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန်လူမျိုးများအား သင်ကြား ပို့ချ ဟောကြား ခဲ့ပါသည်။ ” ပြည်ပတွင်လည်း ဒါနပြုခဲ့” ပြည်ပမှ မျက်စိကု ဆရာဝန်ကြီးများအား ဖိတ်ကြား၍ ဝေဒနာရှင်များ အား အာယုဒါနဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့ပါသည်။ သက္ကရာဇ်-၁၄၅၄ – ဝါဆိုလပြည့်နေ့တွင်အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ် (၁၅)ယောက်တို့ဖြင့် ထေရဝါဒ ဓမ္မအသင်းကို တည်ထောင်ခဲ့ပါသည်။ ဓမ္မပြန့်ပွားရေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ် တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့ပါသည်။ ထိုဟောပြောချက်မှ ဓမ္မအနှစ် စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့ပါသည်။ – ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၁၉၉၁ ခုနှစ်မှ စတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ပို့ချပေးခဲ့ပါသည်။ထိုတက္ကသိုလ်မှ B.A, M.A, Ph.D-ဘွဲ့များအပ်နှင်းနိုင်ခဲ့။ – ၁၉၉၄ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ အော်စတင်မြို့၌ သီတဂူ ဗုဒ္ဓဝိဟာရကျောင်းတိုက် တည်ထောင်ခဲ့ပါသည်။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ဗုဒ္ဓ၊ ဓမ္မ စာစောင်များ ထုတ်ဝေခဲ့ပါသည်။ ဓမ္မသင်တန်း များပို့ချခဲ့ပါသည်။ – ၂၀၀၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေ ပို့ချခဲ့ပါသည်။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။အစိုးရက ဆက်ကပ်သည့် ဘွဲ့များ – ၁၉၉၃ – မဟာဓမၼကထိက ဗဟုဇနဟိတဓရဘဲြ႕ – ၁၉၉၅ – အဂၢမဟာသဒၶမၼေဇာတိကဓဇဘဲြ႕ – ၁၉၉၆ – အဂ္ဂမဟာပဏ္ဍိတဘွဲ့ – ၂၀၀၂ – ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ _ Doctor of Literature (Hononur-Causa) – ၂၀၀၉တွင် “အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့” တို့ကို ဆက်ကပ်ပူဇော်ခဲ့ပါသည်။ – ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်၏ နောက်ဆုံး ဆန်ကာတင် ပုဂ္ဂိုလ် ၅ဦးတွင် ပါဝင်ပြီး ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင်ကို ရရှိသည်။ ရေးသားပြုစုခဲ့သည့် စာပေများ ================= ၁။- ပုဏ္ဏောဝါဒ သုတ္တန်(၁၉၉၇) ၂။- ဒါရုက္ခန္ဓောပမာ သုတ္တန်(၂၀၀၁) ၃။- ဝေဒနာနုပဿနာ သတိပဌန်တရားတော်(၂၀၀၂) ၄။- လမ်းရိုးဟောင်းတွင်ဆင့်ကာထွင်(ရွှေကျင်ဆရာတော်ကြီးဘဝဖြစ်စဉ်အကျဉ်း)(၂၀၀၂) ၅။- စကားလေးခွန်းတရားတော်(ရဌပါလသုတ်အနှစ်ချုပ်)(၂၀၀၃) ၆။- လောကမျက်လုံး ကွယ်ပျောက်ခြင်းတရားတော် ၇။- တက္ကသိုလ်တရားတော်(၂၀၀၄) ၈။- ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ(၂၀၀၄) ၉။- မမေ့အပ်သောလေးနေရာ(သံဝေဇနိယသုတ္တန်တရားတော်) ၁၀။- ဝေဒနာကိုသည်းခံခြင်း တရားတော်(မဟာပရိနိဗ္ဗာနတရားတော်) ၁၁။- ကဿပဂုဏ်ရည် တရားတော် ၁၂။- သံဃာ့ဂုဏ်ရည်တရားတော် ၁၃။- ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော် ၁၄။- သာသနာပြု သူရဲကောင်းတရားတော် ၁၅။- သိကြားမင်းရေးသော ခန္တီစာတမ်းတရားတော် ၁၆။- ကုမုဒြာတွေပွင့်တဲ့ည တရားတော် ၁၇။- ဘဝတန်ဖိုး တရားတော်(၂၀၀၄) ၁၈။- သစ္စာနှင့်မေတ္တာတရားတော်(၂၀၀၄) ၁၉။- ယုံအသင်း၏ယုံမင်းတရားတော်(သသပဏ္ဍိတဇာတ်)(၂၀၀၃) ၂၀။- နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော် ၂၁။- မေတ္တာသုတ်တရားတော် ၂၂။- ညီတော်အာနန္ဒာ ဆရာတော်ကြီးသည်မြန်မာသက္ကရာဇ်၁၃၃၄ – ခု၊ ဝါဆိုလပြည့်နေ့မှစ၍ (၃၄)နှစ်ကျော်တိုင် နှစ်စဉ်တရားပွဲပေါင်းများစွာ ဟောကြားခဲ့ပြီးလက်ရွေးစဉ် တရားပဒ်ရေ(၇၀)ကျော်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိ များကို ရှာဖွေကာ တင်ပြခြင်းဖြင့် ကျေးဇူး ဆပ်နိုင်ကြပါစေ။ကုသုလ်ဒါနပြုနိုင်ကြပါစေ။ အားလုံးသိစေလိုသောဆန္ဒဖြင့်_ပြန်လည်မျှဝေပါတယ် Credit_to_အောင်အောင်_မကစ Unicode သီတဂူဆရာတော် ဦးဉာဏိ ဿ ရ _ (၁၉၃၆ခုနှစ်)မြန်မာသက္ကရာဇ် ၁၂၉၈ – ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ _ အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင် ပညာ သင်ကြားခဲ့ပါသည်။အသက်(၁၅)နှစ် အရွယ်တွင် ရှင်သာမဏေ ပြုခဲ့ပါသည်။ သက္ကရာဇ် ၃၁၈ – (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ် အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြုခဲ့ပြီး ရှင်သာမဏေပြုချိန်မှ စ၍ ပိဋကတ် အခြေခံ ကျမ်စာများကို သဲကုန်းမြို့တပ် အလယ်တန်းကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။ ၁၃၂၂ – ဓမ္မာစရိယတန်းအောင်။ ရန်ကုန်မြို့၊ တာမွေ သိမ်ကုန်းတိုက်၊ မန္တလေးမြို့ အနောက် ခင်မကန်တိုက်၊စကုတိုက်၊ တောင်သမန်တိုက်၊မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ဘုရားကြီတိုက်၊ရွှေရေးဆောင်တိုက်များတွင် အဆင့်မြင့် ပိဋကတ် ကျမ်းစာများကို သင်ကြား ခဲ့ပါသည်။ – ၁၃၂၃-၂၆ – ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များ သင်ကြား ခဲ့ပါသည်။ – ၁၃၂၆-၂၇ – ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ ဘီ၊ ဘီအမ်အေကောလိပ် (မြန်မာဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ – ၁၃၂၉ – ၁၃၃၃ – စစ်ကိုင်းတောင် အနီးစခန်း ဆရာတော်ထံ၌ ပိဋကတ် ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ခဲ့ပါသည်။ – ၁၃၃၄ – ၃၇ – (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရ စခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့ပါသည်။ – ၁၃၃၈ – စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်းကို စတင်တည်ဆောက်ခဲ့ပါသည်။ – ၁၃၄၂ – ၄၇ – စစ်ကိုင်းတောင် ချောင်ပေါင်း (၉၀၀)ခန့်အတွက်သီတဂူ ရေအလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့ပါသည်။(တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိပြီး ဧရာဝတီမြစ် အတွင်းမှ ရေများကို စစ်ကိုင်းတောင်ရိုးပေါ် အရောက် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။) – ၁၃၄၇ – ဝါခေါင်လပြည့်နေ့မှစ၍ သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်ခဲ့ပါသည်။(တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ်ကျပ်သိန်း(၂၀)ခန့်ဖြင့် ဆေးဝါး ကုသဒါနပြုလျှက် ရှိပါသည်။) – ၁၃၅၁ – ဆေးရုံပြီးမြောက်(ကုတင်-၁၀၀ဆန့် ကျပ် သိန်း ၅၀၀ကျော် ကုန်ကျပါသည်။)ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊အာယုဒါန အလှူတော် သာမက ပညာရး၊ လူမှုရေး၊ မိဘမဲ့ ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိပါသည်။ဆရာတော်ကြီးသည် မြန်မာပြည်တွင်း ကျန်းမာရေး၊ ပညာရေးနှင့်ဧရာဝတီ အလှူတော်လုပ်ငန်များကို လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ဆရာတော်ကြီး၏ ရေအလှူတော်၊ ဆေးရုံနှင့် ဆေးအလှူတော် လုပ်ငန်းများမှာ ကြည်ူးဖွယ်ရာ ဖြစ်သည်။ဆားတောင်၊သီပေါ၊ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊မင်းတပ် (ချင်းပြည်နယ်) နဲ့ မြိုင်ကြီးငူ (ကရင်ပြည်နယ်) တို့၌ ဆေးရုံများ တည်ဆောက်နေသည်။ ဆေးရုံ ၈ ရုံ ရှိပြီး ဆေးရုံ တစ်ရုံကို ကျပ်ငွေ သိန်း ၁၀၀၊ ဆေးပစ္စည်း သိန်း၁၅၀ ကုန်ကျမှာ ဖြစ်သည်။မျက်စိအလင်းရရန် ခွဲစိတ်ကုသပေးနေသောပြည်သူ ၁ သောင်းခွဲရှိသည်။ နှစ်စဉ်၁ သောင်းခွဲ အလင်းရဖို့ လုပ်ပေးနေခြင်း ဖြစ်သည်။ ” ပြည်ပသာသနာပြုခရီး ” ================ – ၁၉၈၁ခုနှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ် သွားရောက် သာသနာပြုခဲ့ပြီး အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ဝါကပ် ဆိုခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ဝါဆိုစဉ် တက္ကသိုလ် ကောလိပ်များတွင် ဗုဒ္ဓဒေသနာ ကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန်လူမျိုးများအား သင်ကြား ပို့ချ ဟောကြား ခဲ့ပါသည်။ ” ပြည်ပတွင်လည်း ဒါနပြုခဲ့” ပြည်ပမှ မျက်စိကု ဆရာဝန်ကြီးများအား ဖိတ်ကြား၍ ဝေဒနာရှင်များ အား အာယုဒါနဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့ပါသည်။ သက္ကရာဇ်-၁၄၅၄ – ဝါဆိုလပြည့်နေ့တွင်အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ် (၁၅)ယောက်တို့ဖြင့် ထေရဝါဒ ဓမ္မအသင်းကို တည်ထောင်ခဲ့ပါသည်။ ဓမ္မပြန့်ပွားရေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ် တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့ပါသည်။ ထိုဟောပြောချက်မှ ဓမ္မအနှစ် စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့ပါသည်။ – ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၁၉၉၁ ခုနှစ်မှ စတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ပို့ချပေးခဲ့ပါသည်။ထိုတက္ကသိုလ်မှ B.A, M.A, Ph.D-ဘွဲ့များအပ်နှင်းနိုင်ခဲ့။ – ၁၉၉၄ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ အော်စတင်မြို့၌ သီတဂူ ဗုဒ္ဓဝိဟာရကျောင်းတိုက် တည်ထောင်ခဲ့ပါသည်။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ဗုဒ္ဓ၊ ဓမ္မ စာစောင်များ ထုတ်ဝေခဲ့ပါသည်။ ဓမ္မသင်တန်း များပို့ချခဲ့ပါသည်။ – ၂၀၀၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေ ပို့ချခဲ့ပါသည်။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။အစိုးရက ဆက်ကပ်သည့် ဘွဲ့များ – ၁၉၉၃ – မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ – ၁၉၉၅ – အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ – ၁၉၉၆ – အဂ္ဂမဟာပဏ္ဍိတဘွဲ့ – ၂၀၀၂ – ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ _ Doctor of Literature (Hononur-Causa) – ၂၀၀၉တွင် “အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့” တို့ကို ဆက်ကပ်ပူဇော်ခဲ့ပါသည်။ – ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်၏ နောက်ဆုံး ဆန်ကာတင် ပုဂ္ဂိုလ် ၅ဦးတွင် ပါဝင်ပြီး ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင်ကို ရရှိသည်။ ရေးသားပြုစုခဲ့သည့် စာပေများ ================= ၁။- ပုဏ္ဏောဝါဒ သုတ္တန်(၁၉၉၇) ၂။- ဒါရုက္ခန္ဓောပမာ သုတ္တန်(၂၀၀၁) ၃။- ဝေဒနာနုပဿနာ သတိပဌန်တရားတော်(၂၀၀၂) ၄။- လမ်းရိုးဟောင်းတွင်ဆင့်ကာထွင်(ရွှေကျင်ဆရာတော်ကြီးဘဝဖြစ်စဉ်အကျဉ်း)(၂၀၀၂) ၅။- စကားလေးခွန်းတရားတော်(ရဌပါလသုတ်အနှစ်ချုပ်)(၂၀၀၃) ၆။- လောကမျက်လုံး ကွယ်ပျောက်ခြင်းတရားတော် ၇။- တက္ကသိုလ်တရားတော်(၂၀၀၄) ၈။- ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ(၂၀၀၄) ၉။- မမေ့အပ်သောလေးနေရာ(သံဝေဇနိယသုတ္တန်တရားတော်) ၁၀။- ဝေဒနာကိုသည်းခံခြင်း တရားတော်(မဟာပရိနိဗ္ဗာနတရားတော်) ၁၁။- ကဿပဂုဏ်ရည် တရားတော် ၁၂။- သံဃာ့ဂုဏ်ရည်တရားတော် ၁၃။- ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော် ၁၄။- သာသနာပြု သူရဲကောင်းတရားတော် ၁၅။- သိကြားမင်းရေးသော ခန္တီစာတမ်းတရားတော် ၁၆။- ကုမုဒြာတွေပွင့်တဲ့ည တရားတော် ၁၇။- ဘဝတန်ဖိုး တရားတော်(၂၀၀၄) ၁၈။- သစ္စာနှင့်မေတ္တာတရားတော်(၂၀၀၄) ၁၉။- ယုံအသင်း၏ယုံမင်းတရားတော်(သသပဏ္ဍိတဇာတ်)(၂၀၀၃) ၂၀။- နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော် ၂၁။- မေတ္တာသုတ်တရားတော် ၂၂။- ညီတော်အာနန္ဒာ ဆရာတော်ကြီးသည်မြန်မာသက္ကရာဇ်၁၃၃၄ – ခု၊ ဝါဆိုလပြည့်နေ့မှစ၍ (၃၄)နှစ်ကျော်တိုင် နှစ်စဉ်တရားပွဲပေါင်းများစွာ ဟောကြားခဲ့ပြီးလက်ရွေးစဉ် တရားပဒ်ရေ(၇၀)ကျော်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိ များကို ရှာဖွေကာ တင်ပြခြင်းဖြင့် ကျေးဇူး ဆပ်နိုင်ကြပါစေ။ကုသုလ်ဒါနပြုနိုင်ကြပါစေ။ အားလုံးသိစေလိုသောဆန္ဒဖြင့်_ပြန်လည်မျှဝေပါတယ် Credit_to_အောင်အောင်_မကစ

No comments