ချမ်းသာတာ မင်းအပြစ်မဟုတ်ဘူး

ချမ်းသာတာ မင်းအပြစ်မဟုတ်ဘူး.. မင်းမှာရှိတဲ့ငွေ ဘယ်ကလာကြောင်း မပြနိုင်ရင်သာ မင်းအပြစ်.. ဒါ လူပဲဖြစ်ဖြစ် ပါတီအဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့.. ဥပမာ - စစ်ဗိုလ်ချုပ်ကြီး လုပ်ခဲ့တယ်ဆိုရင် ဗိုလ်ချုပ်ကြီးဆိုတာက ဥုံဖွ ဆို ဖြစ်လာတာမဟုတ်ဘူး၊ ဒုဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ဆိုပြီး အဆင့်ဆင့် ဖြတ်သန်းရတယ်၊ အဲဒီအဆင့်တိုင်းမှာ လစာအပြင် တရားဥပဒေအရ အပ်နှင်းတဲ့ အဆောင်အယောင်ခံစားခွင့်အသီးသီး ရှိတယ်။ အဲဒီလိုနှစ်ပေါင်းများစွာ ဖြတ်သန်းလာရာက ဝင်ငွေကို စုလို့ဆောင်းလို့ရတဲ့ရာထူးတစ်ခုကို ရောက်လာတဲ့အခါ စုဆောင်းငွေကို အသိမိတ်ဆွေ၊ သားသမီး ဇနီးမယား ခွန်အားနဲ့ အစီးအပွားဖြစ်ထွန်းအောင် ထူထောင်လို့ရတယ်။ အသက် ၃၅ လောက်က စပြီး ငွေပိုလို့ စုဆောင်းပွားတိုးလာမယ်ဆိုရင် အသက်ခြောက်ဆယ်အထိကာလအတွင်း စဉ်ဆက်မပြတ်တိုးတက်ရင်းနှီးမှုနဲ့ မချမ်းသာနိုင်စရာမရှိ... ဘယ်သူမှလည်း ပိုလာတာကိုအလဟဿ ထိုင်ဖြုန်းမှာမဟုတ်၊ တိုးအောင်ပွားအောင် လုပ်ကြမှာ အသေအချာ... ကျွန်တော်တို့နိုင်ငံမှာက ပစ္စည်းမဲ့ အာဏာမဲ့ အလုပ်မဲ့အကိုင်မဲ့ကိုမှ အထင်ကြီးတတ်ကြတယ်၊ ဘဝသမားတွေပေါ့လေ.. တကယ်စဉ်းစားကြည့် အတိုင်းအတာအလိုက် ကုသိုလ်မဲ့ ကံမဲ့ခဲ့လို့ ဆူကြုံနိမ့်မြင့် ကွာဟရတာပဲ ရှိတယ်။ အဲဒီမှာမှ အသိမဲ့ ပညာမဲ့ရင် တက်လမ်းပျောက်လို့ ဆင်းရဲရမယ်။ စည်းမဲ့ ကမ်းမဲ့တွေမို့ ထောင်ထဲရောက်မယ်။ လူဆင်းရဲတစ်ယောက်ဟာ အသိရှိ ဉာဏ်ရှိ စည်းကမ်းရှိပြီး စာရိတ္တကောင်းမွန်လို့ နိုင်ငံတော်သမ္မတအထိ တက်ဖြစ်ဖူးတယ်၊ သူ့မှာ ဘာမိဘဂုဏ်ဒြပ် ဘာကျောထောက်နောက်ခံမှမရှိဘူး ဟုတ်တယ်ဟုတ်.. ဒါကြောင့် ပစ္စည်းမဲ့ဝါဒကိုးကွယ်နေသူတွေဟာ တကယ်တော့ အသိမဲ့ ဉာဏ်မဲ့ စည်းကမ်းမဲ့တွေ ဖြစ်ဖို့ အလားအလာများတယ်။ ဒါကြောင့် ယနေ့ခေတ် စစ်ဗိုလ်ချုပ်ကြီးများ ချမ်းသာကြတယ်ဆိုရင်တောင် ချမ်းသာတာအပြစ်မဟုတ်ပါဘူး၊ ချေပ ရှင်းလင်းနိုင်လောက်တဲ့ သူတို့ရဲ့ ဘဝလမ်းကြောင်းနဲ့ အသိအမြင် အမျှော်အမြင်ဟာ ချမ်းသာရခြင်းအကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ အင်မတန်မှ ကြပ်တည်းအောင် လုပ်ချင်ပါတယ်ဆိုရင်တောင် ဝင်ငွေခွန်ကောက်ယုံပဲ တတ်နိုင်လိမ့်မယ်။ အေး.. ဒါပမယ့် မနှစ်တစ်နှစ်ကမှ ထောင်ထဲကထွက်လာတဲ့ကောင် အစီးအပွားလုပ်ငန်းမပြနိုင်ဘဲ ကိုယ်ပိုင်ကားစီး တိုက်ဆောက်နေပြီဆိုရင်တော့ စစ်ဗိုလ်ချုပ်တွေထက် သံသယဖြစ်ဖွယ်ကောင်းတယ်ဆိုတာကို မမေ့သင့်ဘူး၊ မေ့ချင်ယောင် မဆောင်သင့်ဘူး.. ဥပမာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ပင် ဖြစ်လင့်ကစား ဒီနှစ်နှစ်အတွင်းမှာ သိန်းထောင်ကျော်တန် တိုက်အိမ်ဆောက်နေမယ်ဆိုရင်.... စစ်ဗိုလ်ချုပ်တွေထက် ဒါကို ပိုသတိထားသင့်တယ်။ အဲဒီထက်နိမ့်တဲ့ လူတွေဆိုရင် ဆိုဖွယ်ရာမရှိပြီ.. သူ့ခေတ် ကိုယ့်ခေတ်မှာ အဆင့်လိုက် အဆောင်အယောင်အလိုက် အငြိမ်းစားတွေကိုခံစားခွင့်ပေးထားတာကို ညှော်ကြ အော်ကြတာဟာ ကိုယ့်အမြီးကိုယ်နင်းနေမိတာပဲလို့ သိကြဖို့ လိုမယ်။ ဘာလို့လဲဆိုတော့ အခု မိမိတို့အစိုးရ နားရင်လည်း အရင်အစိုးရလို တန်းတူခံစားကြမှာပဲ.. လက်ရှိသမ္မတလည်း အရင်သမ္မတလစာကို စားနေတာပဲ.. အရင်သမ္မတ အရင်အစိုးရကမှ လျှော့ယူဖူးတဲ့ သာဓက ရှိသေးတယ်.. ခုခေတ်မှာ ဆီဖိုးခိုးတင်လို့ လွှတ်တော်ဥက္ကဋ္ဌက ငေါက်ရတာနဲ့ ဘာနဲ့ ရုပ်ပေါက်ချက်တွေက တစ်ခါမှ မကြားဖူးဘူး.. အဲဒါတွေ အဲဒါတွေ စဉ်းစားတွေးတောပြီးသကာလ ပေါတောတော ကြောင်တောင်တောင် အတွေးအခေါ်တွေနဲ့ ကိုယ့်အမွှေးအတောင် ကိုယ်မနှုတ်ကြဖို့ စေတနာအတိနဲ့ သတိထောက်ပါတယ် ငှက်ကလေးတို့... #ကွီးပိုင်

No comments