ကျုံထော်တံတားအနီး လုံခြုံရေးဆောင်ရွက် နေသည့် BGF တပ်ဖွဲ့ဝင်တစ်ဦ မိုင်းနင်းမိ

ကျုံထော်တံတားအနီး လုံခြုံရေးဆောင်ရွက် နေသည့် BGF တပ်ဖွဲ့ဝင်တစ်ဦ မိုင်းနင်းမိ။ ====================== ကရင်ပြည်နယ်။ လှိုင်းဘွဲမြို့နယ်။ ကျုံထော် ရေတံခွန်တံတား အနီး ၂၀၁၇-အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီ မိနစ်၅၀ ခန့် အချိန်တွင် BGF (၁၀၂၀) တပ်မှ ဗိုလ် အောင်စိန် ဦးစီး တပ်ဖွဲ့ဝင် ၁၃ ဦးတို့သည် လမ်းေ ကြာင်း လုံခြံုရေး ဖြန့်ကျက် ဆောင်ရွက်နေစဉ် ဒေသန္တရ နင်းမိုင်းတစ်လုံးအား BGF တပ်ဖွဲ့ဝင် တပ်ကြပ်စောလယ်မှ နင်းမိပြီး ပေါက်ကွဲကာ ညာခြေဖဝါး ကြေမွှ ( စိုးရိမ်ရ)ဒဏ်ရာရ ရရှိခဲ့ကြောင်းသတင်း ရရှိသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ဒဏ်ရာရ စစ်သည် စောလယ်အား ဘားအံ တောင်ကလေး စစ် ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းသိရသည်။ ##ဘားအံသတင်း

No comments