အချစ်ရေးစဉ်းစားလိုက်တိုင်း ကံမကောင်းတတ်လို့

Zawgyi အခ်စ္ေရးစဉ္းစားလိုက္တိုင္း ကံမေကာင္းတတ္လို႔ တစ္ေယာက္တည္းပဲေနဖို႔ ဆုံးျဖတ္ထားတဲ့ခ်စ္စႏိုးဆု =================================== MS ==== Miss Pancontinental Myanmar 2015 ခ်စ္စႏိုးဆုက သ႐ုပ္ ေဆာင္ဘက္မွာ ႐ုပ္ရွင္ ဇာတ္ကားစတင္သ႐ုပ္ေဆာင္ေနၿပီး သူမ၏ အႏုပညာလႈပ္ရွာမႈအေၾကာင္းကို ေမးျဖစ္ခဲ့သည္။ * သ႐ုပ္ေဆာင္ဘက္ ဘာေတြ လႈပ္ရွားေနၿပီလဲ။ သ႐ုပ္ ေဆာင္ဘက္ ေလ့က်င့္မႈေတြ ေရာ ဘာေတြလုပ္ျဖစ္ေနလဲ။ * ခ်ဴစီ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္ထားတယ္။ လူမိုက္ပုံစံနဲ႔ ပါဝင္ထားတယ္။ ေနာက္အပတ္ မွာေတာ့ 'ေထာင္ကထြက္ၿပီ ေနာက္တစ္ေန႔' ဇာတ္ကား႐ိုက္ဖို႔ ရွိတယ္။ အဲ့ဒီအတြက္ ျပင္ဆင္ ထားတယ္။ ညီမရဲ႕ လက္ဦးဆရာ ျဖစ္တဲ့ ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း (ရင္းတြင္းျဖစ္)ရဲ႕ 3 H Ari Academy ကိုေတာ့ ပုံမွန္ေလးသြားျဖစ္ တယ္။ အိုက္တင္နဲ႔ ပတ္သက္ၿပီး မ်ားေသာအားျဖင့္ ေဟာလိဝုဒ္က ဇာတ္ကားေတြ ႐ုပ္ရွင္ေတြ အမ်ား ႀကီးၾကည့္ျဖစ္တယ္။ အိမ္မွာ တစ္ေန႔ကို ႏွစ္ကားေလာက္ ၾကည့္ ျဖစ္တယ္။ ၿပီးေတာ့ အိုက္တင္ ေတြ ျပန္လုပ္ျဖစ္တယ္။ အဲ့ဒါကို ဗီဒီယို႐ိုက္ထားၿပီး ကိုယ့္ကိုယ္ ကိုယ္ လိုအပ္ခ်က္ေတြ ျပန္ၾကည့္ ျဖစ္တယ္။ * ဒါ႐ိုက္တာေမာင္မ်ိဳးမင္း (ရင္ တြင္းျဖစ္) သင္တန္းတက္ၿပီး ခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ ဘယ္ေလာက္ရွိ သြားလဲ။ * အရမ္းကြာပါတယ္။ ပထမဦး ဆုံး ဆရာ့ဆီ စေရာက္တဲ့ အခ်ိန္မွာ ဘယ္လိုမ်ိဳး ငိုရမလဲ ေတာင္ မသိခဲ့ဘူး။ ဘယ္လိုစိတ္ကို ထားရမလဲ၊ သ႐ုပ္ေဆာင္ပိုင္းနဲ႔ ပတ္သက္ၿပီး လိုအပ္တဲ့ တကယ့္ အရည္အခ်င္းေတြ၊ သ႐ုပ္ေဆာင္ ဘက္က နက္နဲတယ္ေပါ႔။ ႐ုပ္လွ ေန႐ုံတစ္ခုတည္းနဲ႔ မရဘူးေပါ႔။ ဒီဟာနဲ႔ပတ္သက္ၿပီး အေပၚယံ မဟုတ္ဘဲနဲ႔ တကယ္သ႐ုပ္ေဆာင္ အလုပ္ေပၚမွာ ဘယ္လိုစိတ္ႏွစ္ၿပီး ဝါသနာပါေအာင္ လုပ္ရမလဲဆိုတာ ဆရာက အမ်ားႀကီးသင္ေပးပါ တယ္။ * ေရွ႕ဆက္ၿပီး သ႐ုပ္ေဆာင္ကို ပဲ အသက္ေမြးဝမ္းေက်ာင္း ျပဳသြားမွာလား။ * ေရွ႕ဆက္ၿပီးေတာ့က လက္ရွိ ေတာ့ ညီမတို႔ သီခ်င္းဆိုဖို႔ မိန္း ကေလး Band တစ္ခုလုပ္ဖို႔ စီစဉ္ ထားတာရွိတယ္။ သ႐ုပ္ေဆာင္ ဘက္ကိုပဲ ေဇာက္ခ်လုပ္သြားမွာ ပါ။ မိန္းကေလး Band က အားလုံး ခုနစ္ေယာက္ရွိမယ္။ အားလုံး Miss ေတြပဲ လုပ္ထား တယ္။ ႏိုင္ငံျခားသြားၿပိဳင္ထားတဲ့ Miss ေတြပါမယ္။ ျပည္တြင္းမွာ ဆုေတြအသီးသီးရထားတဲ့ Miss ေတြပါမယ္။ * ကိုယ့္အသက္ ငယ္ငယ္ေလး မွာ အဆိုေရာ၊ သ႐ုပ္ေဆာင္ ေရာ စေနၿပီဆိုေတာ့ မိဘက ေရာ ဘယ္ေလာက္အထိ အား ေပးေထာက္ပံ့ေပးပါသလဲ။ * ညီမကတစ္ဦးတည္းေသာ သမီး လည္းျဖစ္ေတာ့ အိမ္ကေတာ့ ညီမလုပ္ခ်င္တာေတြနဲ႔ ပတ္သက္ ၿပီး ေထာက္ပံ့ေပးတယ္။ အား လည္းအားေပးတယ္။ စစခ်င္းတုန္း က အိမ္ကပဲ ကိုယ့္ကိုေထာက္ပံ့ ရတယ္။ အခုသ႐ုပ္ေဆာင္ဘက္ စဝင္တဲ့အခါမွာ ကိုယ့္ရဲ႕အႏုပညာ ေၾကးေလးေတြနဲ႔ အေမ့ကို သီတင္း ကြၽတ္ကန္ေတာ့တာေပါ႔။ * အႏုပညာပိုင္း၊ ပညာေရးပိုင္း ေတြမွာ ကိုယ္လုပ္ခ်င္တာေတြ လုပ္ခြင့္ရေနတဲ့အတြက္ ကိုယ့္ ဘဝကိုယ္ ဘယ္လိုေက်နပ္ မိလဲ။ * ကိုယ့္ဘဝကိုယ္ အရမ္းေက်နပ္ မိတယ္။ ပညာေရးပိုင္းမွာ လည္း ဂုဏ္ထူးေလးခုရေအာင္ လုပ္ေပးတယ္။ ကိုယ့္ဝါသနာပါ တဲ့ အႏုပညာဘက္က်ေတာ့လည္း မိဘေတြက အားေပးတယ္။ အကုန္ လုံးလိုက္ၿပီး ေထာက္ပံ့ေပးတယ္။ ညီမက ႀကိဳးစားဖို႔တစ္ခုပဲ လို တယ္။ က်န္တာကေတာ့ အကုန္ လုံးေက်နပ္ပါတယ္။ * အခုခ်ိန္ကိုယ့္ရဲ႕တက္လမ္းေတြ ပုံေဖာ္ရင္းအခ်စ္ေရးကိုေရာ ဘယ္လိုေမွ်ာ္လင့္ထားသလဲ။ * အခ်စ္ေရးကေတာ့ မစဉ္းစား ေသးပါဘူး။ အခ်စ္ေရးက စဉ္းစားလိုက္တိုင္း ကိုယ့္အတြက္ ကံမေကာင္းတဲ့အတြက္ေၾကာင့္မို႔ တစ္ေယာက္တည္းေနဖို႔ ဆုံးျဖတ္ ထားပါတယ္။ Unicode အချစ်ရေးစဉ်းစားလိုက်တိုင်း ကံမကောင်းတတ်လို့ တစ်ယောက်တည်းပဲနေဖို့ ဆုံးဖြတ်ထားတဲ့ချစ်စနိုးဆု =================================== MS ==== Miss Pancontinental Myanmar 2015 ချစ်စနိုးဆုက သရုပ် ဆောင်ဘက်မှာ ရုပ်ရှင် ဇာတ်ကားစတင်သရုပ်ဆောင်နေပြီး သူမ၏ အနုပညာလှုပ်ရှာမှုအကြောင်းကို မေးဖြစ်ခဲ့သည်။ * သရုပ်ဆောင်ဘက် ဘာတွေ လှုပ်ရှားနေပြီလဲ။ သရုပ် ဆောင်ဘက် လေ့ကျင့်မှုတွေ ရော ဘာတွေလုပ်ဖြစ်နေလဲ။ * ချူစီ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားတယ်။ လူမိုက်ပုံစံနဲ့ ပါဝင်ထားတယ်။ နောက်အပတ် မှာတော့ 'ထောင်ကထွက်ပြီ နောက်တစ်နေ့' ဇာတ်ကားရိုက်ဖို့ ရှိတယ်။ အဲ့ဒီအတွက် ပြင်ဆင် ထားတယ်။ ညီမရဲ့ လက်ဦးဆရာ ဖြစ်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်းတွင်းဖြစ်)ရဲ့ 3 H Ari Academy ကိုတော့ ပုံမှန်လေးသွားဖြစ် တယ်။ အိုက်တင်နဲ့ ပတ်သက်ပြီး များသောအားဖြင့် ဟောလိဝုဒ်က ဇာတ်ကားတွေ ရုပ်ရှင်တွေ အများ ကြီးကြည့်ဖြစ်တယ်။ အိမ်မှာ တစ်နေ့ကို နှစ်ကားလောက် ကြည့် ဖြစ်တယ်။ ပြီးတော့ အိုက်တင် တွေ ပြန်လုပ်ဖြစ်တယ်။ အဲ့ဒါကို ဗီဒီယိုရိုက်ထားပြီး ကိုယ့်ကိုယ် ကိုယ် လိုအပ်ချက်တွေ ပြန်ကြည့် ဖြစ်တယ်။ * ဒါရိုက်တာမောင်မျိုးမင်း (ရင် တွင်းဖြစ်) သင်တန်းတက်ပြီး ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဘယ်လောက်ရှိ သွားလဲ။ * အရမ်းကွာပါတယ်။ ပထမဦး ဆုံး ဆရာ့ဆီ စရောက်တဲ့ အချိန်မှာ ဘယ်လိုမျိုး ငိုရမလဲ တောင် မသိခဲ့ဘူး။ ဘယ်လိုစိတ်ကို ထားရမလဲ၊ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ တကယ့် အရည်အချင်းတွေ၊ သရုပ်ဆောင် ဘက်က နက်နဲတယ်ပေါ့။ ရုပ်လှ နေရုံတစ်ခုတည်းနဲ့ မရဘူးပေါ့။ ဒီဟာနဲ့ပတ်သက်ပြီး အပေါ်ယံ မဟုတ်ဘဲနဲ့ တကယ်သရုပ်ဆောင် အလုပ်ပေါ်မှာ ဘယ်လိုစိတ်နှစ်ပြီး ဝါသနာပါအောင် လုပ်ရမလဲဆိုတာ ဆရာက အများကြီးသင်ပေးပါ တယ်။ * ရှေ့ဆက်ပြီး သရုပ်ဆောင်ကို ပဲ အသက်မွေးဝမ်းကျောင်း ပြုသွားမှာလား။ * ရှေ့ဆက်ပြီးတော့က လက်ရှိ တော့ ညီမတို့ သီချင်းဆိုဖို့ မိန်း ကလေး Band တစ်ခုလုပ်ဖို့ စီစဉ် ထားတာရှိတယ်။ သရုပ်ဆောင် ဘက်ကိုပဲ ဇောက်ချလုပ်သွားမှာ ပါ။ မိန်းကလေး Band က အားလုံး ခုနစ်ယောက်ရှိမယ်။ အားလုံး Miss တွေပဲ လုပ်ထား တယ်။ နိုင်ငံခြားသွားပြိုင်ထားတဲ့ Miss တွေပါမယ်။ ပြည်တွင်းမှာ ဆုတွေအသီးသီးရထားတဲ့ Miss တွေပါမယ်။ * ကိုယ့်အသက် ငယ်ငယ်လေး မှာ အဆိုရော၊ သရုပ်ဆောင် ရော စနေပြီဆိုတော့ မိဘက ရော ဘယ်လောက်အထိ အား ပေးထောက်ပံ့ပေးပါသလဲ။ * ညီမကတစ်ဦးတည်းသော သမီး လည်းဖြစ်တော့ အိမ်ကတော့ ညီမလုပ်ချင်တာတွေနဲ့ ပတ်သက် ပြီး ထောက်ပံ့ပေးတယ်။ အား လည်းအားပေးတယ်။ စစချင်းတုန်း က အိမ်ကပဲ ကိုယ့်ကိုထောက်ပံ့ ရတယ်။ အခုသရုပ်ဆောင်ဘက် စဝင်တဲ့အခါမှာ ကိုယ့်ရဲ့အနုပညာ ကြေးလေးတွေနဲ့ အမေ့ကို သီတင်း ကျွတ်ကန်တော့တာပေါ့။ * အနုပညာပိုင်း၊ ပညာရေးပိုင်း တွေမှာ ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်ရနေတဲ့အတွက် ကိုယ့် ဘဝကိုယ် ဘယ်လိုကျေနပ် မိလဲ။ * ကိုယ့်ဘဝကိုယ် အရမ်းကျေနပ် မိတယ်။ ပညာရေးပိုင်းမှာ လည်း ဂုဏ်ထူးလေးခုရအောင် လုပ်ပေးတယ်။ ကိုယ့်ဝါသနာပါ တဲ့ အနုပညာဘက်ကျတော့လည်း မိဘတွေက အားပေးတယ်။ အကုန် လုံးလိုက်ပြီး ထောက်ပံ့ပေးတယ်။ ညီမက ကြိုးစားဖို့တစ်ခုပဲ လို တယ်။ ကျန်တာကတော့ အကုန် လုံးကျေနပ်ပါတယ်။ * အခုချိန်ကိုယ့်ရဲ့တက်လမ်းတွေ ပုံဖော်ရင်းအချစ်ရေးကိုရော ဘယ်လိုမျှော်လင့်ထားသလဲ။ * အချစ်ရေးကတော့ မစဉ်းစား သေးပါဘူး။ အချစ်ရေးက စဉ်းစားလိုက်တိုင်း ကိုယ့်အတွက် ကံမကောင်းတဲ့အတွက်ကြောင့်မို့ တစ်ယောက်တည်းနေဖို့ ဆုံးဖြတ် ထားပါတယ်။##The Union Daily

No comments