ကျွ န် ခံခဲ့တာ များလှပြီ

Zawgyi 🍃🍃"ကျွ န် ခံခဲ့တာ များလှပြီ"🍃🍃 ဘုန်းကြီးတို့ သာသနာတော်မှာ လယ်တီဆရာတော်ဘုရားဆိုတာ ရှိပါတယ်.. ဆရာတော်ကြီးက ညအချိန်ဆို ထပြီး ကုဋီရေတွေ သောက်ရေ သုံးရေတွေခပ်တယ်.. နောက်ဆုံးတိရိစ္ဆာန်တွေသောက်ဖို့ရေကအစ ခပ်ပေးပါတယ်.. တပည့်ဖြစ်သူတွေက သိတော့ ကုဋီရေတွေ ကောင်းကောင်းမသုံးရဲကြဘူး.. ဒီအခါ ဆရာတော်ကြီးက "သုံးကြပါဘုရား တပည့်တော်ရဲ့လက်တွေဟာ သံသရာတစ်လျှောက် သားမယားတွေအတွက် ပြုစုလုပ်ကျွေးခဲ့ရတာ များလှပါပြီ၊ဒီဘဝမှာတော့ တပည့်တော်ရဲ့ လက်တွေခြေတွေဖြင့် ရဟန်းသံဃာကို ပြုစုလုပ်ကျွေးပါရစေ"တဲ့.. ဘယ်လောက်ကောင်းတဲ့စကားလဲနော်.. သံသရာတစ်လျှောက်မှာ ကျွန်ခံခဲ့ရတာ မများဘူးလား များပြီ.. ယောက်ျားတွေကလည်း မိန်းမကျွန် မိန်းမတွေကလည်း ယောက်ျားကျွန် သားကျွန် သမီးကျွန် မြေးကျွန် စသည်ဖြင့် ကျွန်ခံခဲ့ရတဲ့ဘဝတွေ မများဘူးလား များလှပြီ.. အဲ့ဒီပုံစံအတိုင်းပေါ့ ဘုန်းကြီးတို့ ဘဝတိုင်း ဘဝတိုင်း ကျွန်ဖြစ်ခဲ့တဲ့ဘဝတွေက မများဘူးလား များလှပြီ.. ခွေးဖြစ်လည်း မရနိုင်ဘူးလား?.. နွားဖြစ်လည်း မရနိုင်ဘူးလား?.. ရနိုင်ပါတယ်နော်.. ဒါကြောင့် ဒကာကြီးတွေလည်း "သားမယားအတွက် ကျွန်ခံခဲ့ရတဲ့ဘဝတွေ များလှပြီမို့လား ?" "များလှပါပြီ.." "သူများသားသမီးကို ပြုစုလုပ်ကျွေးတယ်ဆိုတာ ခွေးဖြစ်ရင်တောင်မှ လုပ်ကျွေးလို့ မရနိုင်ဘူးလား "? "ရနိုင္ပါတယ.." ဒီလိုဆို ဒီဘဝမှာ ဘာလုပ်သင့်သလဲ?.. သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်ရာကျွတ်ကြောင်း လွတ်ရာလွတ်ကြောင်း တရားကောင်းတွေကို စနစ်တကျ ကျင့်ကြံအားထုတ်ဖို့ မလိုဘူးလား?.. အဲဒီလို ပွားများအားထုတ်တဲ့အချိန်အခါမှာ ခိုင်ခိုင်မြဲမြဲရှိတဲ့ စိတ်ဓာတ်နဲ့ ပွားများအားထုတ်ဖို့တော့ လိုပါတယ်.. "တပည့်တော်ကတော့ သင်္ကြန်ကျရင်လုပ်မယ်ဘုရား" "တပည့်တော်ကတော့ ဆယ်ရက်လောက်အဓိဋ္ဌာန်ထားတယ်" "တပည့်တော်ကတော့ တစ်လလောက်လုပ်မယ်ဘုရား" ဒီလိုဆို ခိုင်မြဲတဲ့စိတ်ဓာတ်လို့ ပြောလို့ရမလား မရပါဘူး.. "တရားမရမချင်း ငါဘယ်တော့မှ နောက်မဆုတ်ဘူး"ဆိုပြီး "တရားရတဲ့အထိ အားထုတ်မယ်" ဆိုပြီး ဒီလို ခိုင်မြဲတဲ့စိတ်ထားနဲ့ ကျင့်ကြံနေရမယ်နော်.. ဖားအောက်တောရ ဆရာတော်ဘုရားကြီး credit>ashin nanissara ohmarshin Unicode 🍃🍃"ကျွ န် ခံခဲ့တာ များလှပြီ"🍃🍃 ဘုန်းကြီးတို့ သာသနာတော်မှာ လယ်တီဆရာတော်ဘုရားဆိုတာ ရှိပါတယ်.. ဆရာတော်ကြီးက ညအချိန်ဆို ထပြီး ကုဋီရေတွေ သောက်ရေ သုံးရေတွေခပ်တယ်.. နောက်ဆုံးတိရိစ္ဆာန်တွေသောက်ဖို့ရေကအစ ခပ်ပေးပါတယ်.. တပည့်ဖြစ်သူတွေက သိတော့ ကုဋီရေတွေ ကောင်းကောင်းမသုံးရဲကြဘူး.. ဒီအခါ ဆရာတော်ကြီးက "သုံးကြပါဘုရား တပည့်တော်ရဲ့လက်တွေဟာ သံသရာတစ်လျှောက် သားမယားတွေအတွက် ပြုစုလုပ်ကျွေးခဲ့ရတာ များလှပါပြီ၊ဒီဘဝမှာတော့ တပည့်တော်ရဲ့ လက်တွေခြေတွေဖြင့် ရဟန်းသံဃာကို ပြုစုလုပ်ကျွေးပါရစေ"တဲ့.. ဘယ်လောက်ကောင်းတဲ့စကားလဲနော်.. သံသရာတစ်လျှောက်မှာ ကျွန်ခံခဲ့ရတာ မများဘူးလား များပြီ.. ယောကျ်ားတွေကလည်း မိန်းမကျွန် မိန်းမတွေကလည်း ယောကျ်ားကျွန် သားကျွန် သမီးကျွန် မြေးကျွန် စသည်ဖြင့် ကျွန်ခံခဲ့ရတဲ့ဘဝတွေ မများဘူးလား များလှပြီ.. အဲ့ဒီပုံစံအတိုင်းပေါ့ ဘုန်းကြီးတို့ ဘဝတိုင်း ဘဝတိုင်း ကျွန်ဖြစ်ခဲ့တဲ့ဘဝတွေက မများဘူးလား များလှပြီ.. ခွေးဖြစ်လည်း မရနိုင်ဘူးလား?.. နွားဖြစ်လည်း မရနိုင်ဘူးလား?.. ရနိုင်ပါတယ်နော်.. ဒါကြောင့် ဒကာကြီးတွေလည်း "သားမယားအတွက် ကျွန်ခံခဲ့ရတဲ့ဘဝတွေ များလှပြီမို့လား ?" "များလှပါပြီ.." "သူများသားသမီးကို ပြုစုလုပ်ကျွေးတယ်ဆိုတာ ခွေးဖြစ်ရင်တောင်မှ လုပ်ကျွေးလို့ မရနိုင်ဘူးလား "? "ရႏိုင္ပါတယ္.." ဒီလိုဆို ဒီဘဝမှာ ဘာလုပ်သင့်သလဲ?.. သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်ရာကျွတ်ကြောင်း လွတ်ရာလွတ်ကြောင်း တရားကောင်းတွေကို စနစ်တကျ ကျင့်ကြံအားထုတ်ဖို့ မလိုဘူးလား?.. အဲဒီလို ပွားများအားထုတ်တဲ့အချိန်အခါမှာ ခိုင်ခိုင်မြဲမြဲရှိတဲ့ စိတ်ဓာတ်နဲ့ ပွားများအားထုတ်ဖို့တော့ လိုပါတယ်.. "တပည့်တော်ကတော့ သင်္ကြန်ကျရင်လုပ်မယ်ဘုရား" "တပည့်တော်ကတော့ ဆယ်ရက်လောက်အဓိဋ္ဌာန်ထားတယ်" "တပည့်တော်ကတော့ တစ်လလောက်လုပ်မယ်ဘုရား" ဒီလိုဆို ခိုင်မြဲတဲ့စိတ်ဓာတ်လို့ ပြောလို့ရမလား မရပါဘူး.. "တရားမရမချင်း ငါဘယ်တော့မှ နောက်မဆုတ်ဘူး"ဆိုပြီး "တရားရတဲ့အထိ အားထုတ်မယ်" ဆိုပြီး ဒီလို ခိုင်မြဲတဲ့စိတ်ထားနဲ့ ကျင့်ကြံနေရမယ်နော်.. ဖားအောက်တောရ ဆရာတော်ဘုရားကြီး credit>ashin nanissara ohmarshin

No comments