ဘင်္ဂါလီများနိုင်ငံသားဖြစ်ရေး ကုလသမဂ္ဂ၏တွန်းအားပေးမှု မှားယွင်းဟုဆို

ဘင်္ဂါလီများနိုင်ငံသားဖြစ်ရေး ကုလသမဂ္ဂ၏တွန်းအားပေးမှု မှားယွင်းဟုဆို ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ မြန်မာနိုင်ငံရှိ ဘင်္ဂါလီ(ရိုဟင်ဂျာဟု မူရင်းဖော်ပြထား)များ၏ အခွင့်အရေးများကို ကာကွယ်ပေးရမည် ဖြစ်သော်လည်း ၎င်းတို့နိုင်ငံသားဖြစ်ရေးအတွက် ကုလသမဂ္ဂ၏ တွန်းအားပေးမှုသည် မှားယွင်းကြောင်း မြန်မာ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူ ကက်သလစ်ဘုန်းတော်ကြီး James Mawdsley က ပြောသည်။ ဆက်လက်ပြီး ၎င်းက အနောက်အုပ်စုအစိုးရများ၊ NGOs များနှင့် မီဒီယာများ၏ တုံ့ပြန်မှုသည် အလွဲလွဲအချော်ချော်ဖြစ်နေသည်ဟုလည်း ပြောကြားသည်။ အနောက်အုပ်စုတွင်ဖြစ်ပေါ်နေသော ထင်မြင် ယူဆချက်၏ထောက်ခံမှုဖြင့် ကုလသမဂ္ဂသည် ဘင်္ဂါလီထောင်ပေါင်းများစွာအား နိုင်ငံသားဖြစ်ခွင့်ပေးရန် မြန်မာနိုင်ငံကို စဉ်ဆက်မပြတ် ဖိအားပေးနေကြောင်း၊ ကိုဖီအာနန်ဦးဆောင်သည့် အကြံပေးအဖွဲ့ကလည်း နိုင်ငံသားဖြစ်ခွင့်ပေးရေးအတွက် ဥပဒေအပြောင်းအလဲ တရပ်ပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း၊ လန်ဒန်မြို့မှ သည် ဝါရှင်တန်ဒီစီအထိ လော်ဘီများက ဤအဆိုပြုချက်အပေါ် ကျယ်ကျယ်ပြန့်ပြန့် လိုလားထောက်ခံနေ ကြကြောင်း James Mawdsley က ပြောကြားခဲ့သည်။ ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ရန် တွန်းအားပေးနေသည့် ပြင်ပအင်အားစုများအနေနှင့် အတိတ်မှ အမှားများ၏ တခုကို သင်ခန်းစာယူသင့်ကြောင်း၊ ဗြိတိသျှအင်ပါယာသည် အိန္ဒိယတိုက်ငယ်တွင် ခွဲခြားအုပ်ချုပ်မှု၏ ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှုရှိသည့် မဟာဗျူဟာတရပ်ကို ကျင့်သုံးခဲ့ကြောင်း၊ ဤမဟာ၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံသည် အိန္ဒိယ၊ မူဆလင်အမြောက်အမြားကို မလွှဲမရှောင် သာလက်ခံခဲ့ရ ကြောင်း၊ ခုအခါ ကမ္ဘာကြီးသည် ပိုမိုကြီးမားသော လူအုပ်စုကြီးတခု စုပြုံကျလာမှုကို မြန်မာနိုင်ငံအနေနှင့် လက်ခံရန် ကြိုးပမ်းနေကြောင်း၊ ဤအချက်သည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အမှတ်အသားကို ခြိမ်းခြောက် အန္တရာယ်ပြုရာရောက်ကြောင်း၊ အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုနေကြကြောင်း ၎င်းက ပြောကြားသည်။ ဆက်လက်ပြီး James Mawdsley က ရခိုင်ပြည်နယ် ပဋိပက္ခသည် ပြီးခဲ့သောနေ့ကမှ စတင်ခဲ့ခြင်း မဟုတ်ကြောင်း၊ သမိုင်းနှင့်ချီပြီး ဘာသာရေး၊ ယဉ်ကျေးမှုအရ ကွဲပြားနေသည့် လူ့အသိုက်အဝန်းနှစ်ခုအကြား တင်းမာမှုများကို အဆုံးသတ်ရန် မလွယ်ကူကြောင်း လူအမြောက်အမြားကို နိုင်ငံသားပေးရေးလက်ခံရန် မြန်မာနိုင်ငံအား အတင်းအကျပ် ဖိအားပေးခြင်းဖြင့်လည်း အဆိုပါပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ် ကြောင်း၊ ယင်းမှာ အနာဂတ်အတွက် ပိုမိုဆိုးရွားသော ပြဿနာကြီးများဖြစ်လာအောင် သိုလှောင်သိမ်းဆည်းထားရာ ရောက်ကြောင်း ပြောကြားသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် မြန်မာ့လွတ်မြောက်ရေးအတွက် ကြိုးပမ်းရာတွင် လက်တွဲလုပ်ဆောင်ခဲ့သူများက ကမ္ဘာကြီးသည် ရေရှည်ကျယ်ပြန့်သော အကျိုးစီးပွားတရပ်ဖြင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံခဲ့ သလား။ ကျွန်ုပ်တို့သည် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ကိုယ်ပိုင်နည်းလမ်းကိုရှာဖွေရန် သူမအား လွတ်လပ်ခွင့်မပေးသင့်ဘူးလားဟု မေးမြန်းလာကြကြောင်း၊ သို့သော်လည်း ယခုအခါ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံနှင့် ပြင်ပကမ္ဘာနှစ်ခုအနက် တခုခုကိုရွေးချယ်ရန် ဒေါ်အောင်ဆန်းစုကြည်အား အဆက်မပြတ် ဖိအားပေးနေကြကြောင်း ၎င်းက ပြောကြားသည်။ ဘင်္ဂါလီများအား ဥပဒေအရ အကာအကွယ်ပေးခြင်းမရှိမှုသည် ပျက်ကွက်မှုတခုဖြစ်သည်။ အဖြေတရပ်ကို ရှာဖွေနေစဉ် ၎င်းတို့ကို ဥပဒေအရ အပြည့်အဝအကာအကွယ်ပေးမှုနှင့်အတူ ငြိမ်းချမ်းစွာ နေထိုင် ရေးခွင့်ပြုသင့်သည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအား၊ နိုင်ငံသားဖြစ်ခွင့်ပေးရန် တက်ကြွထက်သန်စွာ ရှေ့ဆောင်နေသူများသည် အနောက်အုပ်စု၏မလို မုန်းထားပြောစကားများကို အလွယ်တကူ လက်ခံခဲ့သူ များဖြစ်ကြပြီး မြန်မာနိုင်ငံအကြောင်း လုံးဝနားလည်သဘောပေါက်ခြင်းမရှိကြောင်း ဖော်ပြနေပါသည်ဟု James Mawdsley က သုံးသပ်ပြောကြားသည်။ crd - News Watch Ref : (Catholic Herald.U.K)

No comments