ဆည်တော်ကြီး ဆည်ရေပိုလွှဲမှ ရေလွှတ်မှုကြောင့် မတ္တရာတွင် ကျေးရွာအချို့ရေမြုပ်

ဆည်တော်ကြီး ဆည်ရေပိုလွှဲမှ ရေလွှတ်မှုကြောင့် မတ္တရာတွင် ကျေးရွာအချို့ရေမြုပ် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အောက်တို ဘာ ၁၄ ရက်ကစတင်၍ ဆည် တော်ကြီးဆည်ရေပိုလွှဲမှ ရေလွွှှတ် မှုကြောင့် ကျေးရွာအချို့ ရေနစ် မြုပ်မှုများဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ရေပိုလွှဲမှ ရေလွှတ်မှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ သပြေ ချောင်၊ ရှားစေးချက်၊ ကျွဲကျအုတ် တိုက်၊ ဝေါစု၊ တံငါစသည့်ကျေး ရွာတို့တွင် ရေနစ်မြုပ်၍ သီးနှံနှင့် စပါးခင်းအချို့သို့ ရေများဝင် ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မန္တလေး-မိုးကုတ် လမ်းပိုင်းတွင် ရေကျော်မှုများဖြစ် ပွား၍ ကားများဖြတ်သန်းသွား လာမှုကို ယာယီရပ်ဆိုင်းထားပြီး မီးသတ်တပ်ဖွဲ့၊ ရဲနှင့် တပ်မတော် သားအချို့က ကူညီကယ်ဆယ်မှု များ လုပ်ဆောင်နေသည်။ ‘‘ရေလွှမ်းတာက မိုးများတာ ကြောင့်ရော၊ ဆည်တော်ကြီးက ရေလွှတ်တာကြောင့်ရော အခုလို ဖြစ်သွားတာပေါ့။ အရင်တုန်းက တော့ ဒီဒေသက ဖြစ်ရိုးဖြစ်စဉ်ရှိ ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ဆည်ရေကို ထိန်းကျောင်းလွှတ် လာတော့ အခုလိုမဖြစ်တာ ငါးနှစ်လောက်ရှိပြီ။ ဒါပေမဲ့ ဒီနှစ်မှာကို နှစ်ကြိမ်ရှိနေပြီ။ ဆည်ရေကို လွှတ် တဲ့အခါမှာ ရာသီဥတုအခြေအနေ ကိုကြည့်ပြီး ထိန်းကျောင်းလွှတ် သင့်တာပေါ့။ အခုဟာ ရေကိုစုပြီး လွှတ်တော့ ရေလွှမ်းမိုးမှုဒဏ်ကိုခံခဲ့ရတယ်’’ဟု မတ္တရာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးမင်းမင်းက ပြော သည်။ မန္တလေးဆည်တော်ကြီးရေ လှောင်တမံ၏ စိုးရိမ်ရေမှတ် သည် ၄၁၉ဒသမ၅ ပေဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ ၄၂၀ဒသမ၄ ပေအထိရောက်ရှိခဲ့ခြင်းကြောင့် ရေတံခါးခုနစ်ပေါက်မှ ၄ ပေခန့်ရေဖွင့်ခဲ့ကြောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် စိုးရိမ်ရေမှတ်အောက် ၄၁၉ဒသမ၂ပေခန့် သို့ကျဆင်းလာပြီး ရေတံခါး ခုနစ်ပေါက်မှ ၃ပေခန့်ရေဖွင့်ထားကြောင်း မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြော သည်။ လက်ရှိရေလွှမ်းမိုးခံရသော အိမ်ထောင်စုနှင့် စိုက်ခင်းဧကများကို စာရင်းကောက်ယူနေဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့အပြင် မတ္တရာမြို့နယ်အ တွင်းရှိ စပါးများသည် ရိတ်သိမ်းရန်သာကျန်ရှိနေပြီး လက်ရှိ ရေလွှမ်းမိုးကို ဒဏ်ခံရခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။ ‘‘ရေက အောက်တိုဘာ ၁၄ ရက် ည ၁၂ နာရီလောက်ရောက်တော့ တော်တော်လေးတက်လာတယ်။ ရေလွှမ်းခံရတဲ့ ဓာတ်ဆီဆိုင်နားက ရေပြွန်တစ်ခုဆို လမ်းပိုင်းတွေ ပျက်စီးသွားပြီး ပြွန်အတိုင်းပဲရှိတော့တယ်။ ဒါကြောင့် ကားတွေကို ဖြတ်သန်းသွားလာခွင့်မပြုသေးဘူး။ လူတွေတော့ ဖြတ်သန်းသွားလို့ရအောင် ကြိုးတွေတားပြီး ကူညီပေးနေတယ်’’ဟု မတ္တရာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးကျော်ကျော်က ပြောသည်။ ထိုကဲ့သို့ ဆည်တော်ကြီး ဆည်ရေလွှတ်မှုကြောင့် ပြီးခဲ့ သည့် သြဂုတ်လပိုင်းကလည်း ကျေးရွာအချို့၌ ရေမြုပ်မှုများ ဖြစ်ပွားခဲ့သည်။ =========== 7Day News Journal http://7daydaily.com/story/110300

No comments