KNU ခေါင်းဆောင်ပိုင်းများက နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်အား
ရန်ကုန် ၊ အောက်တိုဘာ ၁၆ ။ ။ KNU ခေါင်းဆောင်ပိုင်းများက နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်အား သူ့၏နေအိမ်၌ ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ထားသည်။
တွေ့ဆုံပွဲ၌ "အဓိက ဘာတွေဆွေးနွေးဖြစ်ခဲ့သလဲ" ဆိုသည့် မေးခွန်းကို ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်အား မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း "တစ်ယောက်ကို တစ်ယောက် မေတ္တာမပျက်ဘူး။ အခင်အမင်မပျက်ဘူး လာပြီးတော့ မိတ်ဝတ်မပျက်နှုတ်ဆက်တာ ၊ သာမန်လူမှုရေးအရ လာနှုတ်ဆက်တာ ဘာ နိုင်ငံရေးမှ မပါဘူး" ဟု ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသား အစည်းအရုံး (KNU)အဖွဲ့အစည်း အတွင်း ပြန်လည်သုံးသပ်မှုများရှိနေသည့် အပြင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်း မရှိသည့်အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူများက စိုးရိမ်ပူပန်နေသည့် အနေအထားများ ရှိနေသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ဖဒိုမန်းငြိမ်းမောင်က ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် "NCA မှာ အားသာချက် အားနည်းချက်တွေကို ပြန်လည်သုံးသပ်တယ်။ ရှေ့ခရီးကို ဘယ်လိုအကောင်းဆုံးသွားနိုင်မလဲ ဆိုတာကို အပြုသဘောနဲ့ ချဉ်းကပ်ပါတယ် သုံးသပ်ပါတယ် " ဟု ဆိုသည်။
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နှင့် KNU ခေါင်းဆောင်ပိုင်းများတွေ့ဆုံရာတွင် ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ၊ ဒုဥက္ကဋ္ဌ ဖဒိုကွယ်ထူးဝင်း အပါအဝင် KNU ခေါင်းဆောင်ပိုင်းများ ပါဝင်ခဲ့ပြီး ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးဖြစ်စဉ်များကို ခေါင်းဆောင်ခဲ့သည့် ဝန်ကြီးဟောင်း ဦးအောင်မင်းလည်း ပါဝင်ခဲ့သည်။
နိုင်ငံရေးအရမဟုတ်ဘဲ လူမှုရေးအရသာ သမ္မတဦးသိန်းစိန်(ငြိမ်း)အား တွေ့ဆုံခြင်းဖြစ်ကြောင်း KNU ဆို##Credit
Post a Comment