သုဝဏ္ဏဘူမိ

အစိုးရအနေဖြင့် သမိုင်းကိုမဖျက်စီးပဲ ထိန်းသိမ်းပေးဖို့ လိုအပ် သုဝဏ္ဏဘူမိအတွက် မွန်ပြည်သူတစ်ရပ်လုံး ကာကွယ်ကြဖို့လိုပြီ မွန်ပြည်နယ် သထုံမြို့နယ် သထုံပြည်သူ့ဆေးရုံးကြီးဝင်းတွင် တိုးချဲ့ ဆောင်ဆောက်လုပ်ရန် နေရာရွေးချယ်ရာတွင် သထုံပြည်သူ့ဆေးရုံကြီးဝင်းအတွင်းက နန်းတော်ကုန်းလို လူသိများ နေရာမှာ ဆေးရုံတိုးချဲ့ဆောင်ဆောက်လုပ်တော့မှာကို စိတ်မကောင်းစွာကြားသိရသည်။ မွန်ပြည်နယ်သာမက ကမ္ဘာ့တွင်ပါ အထင်အရှားရှိခဲ့သည့် မွန်ရဇဝင်တွင် မင်းဆက်ပေါင်း ၄၈ ဆက်ခန့် အုပ်ချုပ်စိုးစံခဲ့သည်မှာ သမိုင်းအထောက်အထားများစွာရှိပေသည်။ မင်းဆက်ပေါင်းများစွာရဲ့ နောက်ဆုံးမင်းဆက်ဖြစ်သော မနူဟာမင်းဆက်ကို အေဒီ ၁၀၅၇ တွင်စိုးစံခဲ့ပြီး မနူဟာမင်းကြီးစိုးစံပြီးနောက် သထုံရာဇဝင်မှေးမှိန်ခဲ့ရသောလည်း သုဝဏ္ဏဘူမိကိုတော့ မွန်လူမျိုးများရင်ထဲ ယခုထိတိုင်ဆွဲထင်နေဆဲဖြစ်ပေသည်။ သထုံမြို့သည် ဘုရင်နန်းဆိုက်ရာ နန်းတည်ရာမြို့ဖြစ်ခဲ့ပြီး တန်းခိုးကြီးဘုရားများ၊ မြို့ရိုး၊ ကျုံ နန်ဥိးစေတီ မနူဟာမင်းကြီးတည်ထားကိုယ်ကွယ်ခဲ့သည့် စေတီတော်များ အပါအဝင် ရှေ့နန်းဆက် မင်းဆက် အဖိုးမဖြတ်နိုင်သော အရာများ များစွာတည်ရှိတဲ့ မြို့ဖြစ်ပေသည်။ သုဝဏ္ဏဘူမိသမိုင်းဟာ ကြီးကျယ်ခန်းနားလှတာကြောင့် သမိုင်းရဲ့အမွေအနစ်ဖြစ်တဲ့ နေရာတွေမှာကိုပြုပြင်ထိန်းသိမ်းရန် လွန်စွာမှအရေးကြီးလှသော အချိန်တွင် သမိုင်းဝင် အဆောက်အဦး(ကုန်း) နေရာများတွင် အဆောက်အဦးတည်ဆောက်ခြင်း အပါအဝင် အခြားဘယ်အရာကိုမှမခွင့်ပြုသင့်ပါဘူး။ ဆေးရုံဆောက်မယ့်နေရာဟာ သမိုင်းမှာထင်ရှားခဲ့တဲ့ မွန်ပြည်နယ်နဲ့ မွန်တမျိုးသားလုံးရဲ့ အသည်းဖြစ်တဲ့ သုဝဏ္ဏဘူမိ နေရာဖြစ်နေတာကြောင့် ရှေ့ဟောင်းသုသေသန နေရာဖြစ်လို့ အစိုရအပေါ်မှာ အလုံးစုံ တာဝန်ရှိတာဖြစ်တယ်။ဒီလို သမိုင်းတွင်တဲ့နေရာတွေဟာ အစားပြန်ထိုးပေးလို့ မရတာကြောင့် သမိုင်းဝင်တဲ့နေရာတွေမှာ လက်လွတ်စပ္ပါယ် ခွင့်ပြုမယ်ဆိုရင် ခွင့်ပြုတဲ့သူဟာ သမိုင်းရဲ့တရားခံပဲဖြစ်ပါတယ်။ သုဝဏ္ဏဘူမိ ဆိုတဲ့ သမိုင်းကိုထိမ်းသိမ်းရမဲ့အစား သမိုင်းကိုဖျက်ဆီး ရင်တော့ မွန်ပြည်သူတစ်ရပ်လုံးက သုဝဏ္ဏဘူမိ သမိုင်းမရိုင်းရလေအောင် သမိုင်းရဲ့ အမွေအနှစ်ဖြစ်တဲ့ သမိုင်းဝင် ရှေ့ဟောင်းသုသေသန နေရာများကို ကာကွယ် သွားကြရမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ သမိုင်းဝင် ရှေ့ဟောင်းယဉ်ကျေးမှုနေရာများကို ထိမ်းသိမ်းပေးဖို့လိုအပ်နေပြီး သမိုင်းကိုဖျက်စီးတဲ့ အစိုးရမဖြစ်စေဖို့ အကြံပြုရေးသားလိုက်ရပေသည်။##Aye Min Tun

No comments