တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)

NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား.... ------------------------------------------------------------------------------- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို မသိကျိုးကျွံ ပြုပါက ပြည်ထောင်စုနှင့် ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုသည်ဟု ယူဆရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။ “NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု မရှိလို့ လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောနေတဲ့အဖွဲ့ အချို့ရှိပါတယ်။ NCA ဟာ အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့်ကတော့ ဒါထက်ပိုမိုကျယ်ပြန့်ပါတယ်။ နက်ရှိုင်းပါတယ်။ ဒါကြောင့် NCA ကို လက်မှတ်ထိုးဖို့လိုအပ်ကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်။ ဒီစာချုပ်မှာ ပါတဲ့ ကိစ္စတွေဟာ တိုင်းရင်းသားပြည်သူလူထုရဲ့ အခွင့်အရေးကို ကန့်သတ်ထားတာ ချုပ်ချယ်ထားတာ ပိတ်ပင်ထားတာ တစ်ခုမှ မပါပါဘူး။ အခွင့်အရေးကို ပေးနိုင်သမျှ ပေးထားတာကိုပဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါကို ဆက်လက်ပြီး မသိကျိုးကျွန်ပြုနေရင် ပြည်သူလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ခြင်း၊ လက်နက်ကိုင်ပြီး သူတစ်လူ ငါတစ်မင်း စနစ်ကို တည်ထောင်လိုခြင်းနှင့် ပြည်ထောင်စုနဲ့ ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုလိုခြင်းလို့ ယူဆရမှာဖြစ်ပါတယ်” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။ ဆက်လက်၍ ၎င်းက “တိုင်းရင်းသားညီအကို မောင်နှမများရဲ့ အခွင့်အရေးကို အပြည့်အဝ အာမခံချက်ပေးထားတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတဲ့ ဘောင်ထဲကသာ မကြည့်ဘဲ ပိုမိုကျယ်ပြန့်တဲ့ အမြင်နဲ့ ကြည့်ပြီး အဆိုင်းဘဲ အားလုံးပါဝင်ဆောင်ရွက်သွားကြပါ” ဟု ဆိုသည်။ 7Day အဓိပတိ ကမၼ 15-10-2017 Please share ပြည့် ဖြိုး အောင်

No comments