မြန်မာတိုင်းရင်းသားလူမျိုး ၁၃၅ မျိုး

#ရိုဟင်ဂျာကို၁၃၆မျိုးသောတိုင်းရင်းသားအဖြစ် #ပုံဖော်ဖန်တီးကာနိုင်ငံသားအခွင့်အရေးအပြည့်အဝရလိုမှုပေးနိုင်ခြင်းမရှိ ------------------------------------------------------------------------ မြန်မာတိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်မပါဝင်သည့် ရိုဟင်ဂျာကို ၁၃၆ မျိုး သောတိုင်းရင်းသားအဖြစ် ပုံဖော်ဖန်တီးကာ နိုင်ငံသားတိုက်ရိုက် ဖြစ်ခွင့်ရှိအောင် ဆောင်ရွက်နေမှုနှင့် တိုက်ရိုက်နိုင်ငံသားဖြစ်မှု နိုင်ငံသားအခွင့်အရေး အပြည့်အဝရလိုမှုကို ပေးနိုင်ခြင်းမရှိကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အောက်တိုဘာ ၃ ရက်တွင်ပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Paul R. Seger အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေးပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ နိုင်ငံတိုင်းတွင် နိုင်ငံသားဖြစ်ခွင့် ဥပဒေများရှိပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံသား ဖြစ်ခွင့်ဥပဒေရှိကြောင်း၊ ထို့ကြောင့် ဘင်္ဂါလီများအနေဖြင့် ၁၉၈၂ခုနှစ်၊ နိုင်ငံသားဥပဒေအတိုင်း လိုအပ်သည့်စိစစ်မှုများနှင့် NVC ကတ်ကို လက်သင့်ခံရန်လိုအပ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွင် ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးက ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားရာနေရာများ သို့ အောက်တိုဘာ ၂ ရက်နေ့တွင် နိုင်ငံခြားသံအမတ်ကြီးများနှင့်အတူ သွားရောက် လေ့လာခဲ့ရာ ဖြစ်စဉ်အခြေအနေများကို သိရှိခွင့်ရရှိခဲ့ကာ ၎င်းဖြစ်စဉ်များနှင့်ပတ်သက်၍ ဖြစ်စဉ်၏အမှန်တရား၊ မည်သူ့တွင် တာဝန်ရှိသနည်း၊ ၎င်းကိစ္စရပ်များအား မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက် မည်နည်း စသည့် အခြေအနေများ၊ တိုင်းရင်းသားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ယုံကြည်မှုတည်ဆောက်ခဲ့မှုအခြေအနေများ၊ ဘင်္ဂါလီ ၅ သိန်းဦးခန့် တစ်ဖက်နိုင်ငံသို့ အုပ်စုလိုက်ဝင်ရောက်သွားခဲ့မှု အခြေအနေများအား သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်နှင့် ယှဉ်၍ မေးမြန်းဆွေးနွေးခဲ့ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ Ref: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး The Ladies

No comments