လူ့အခွင့်အရေး စံနှုန်းများဖြင့် တိုင်းတာရန်မဖြစ်နိုင်

နိုင်ငံ၏ပိုင်နက်ကို ဖဲ့ထုတ်ဖို့ကြိုးစားနေသူများကို အစိုးရ၊ တပ်မတော်၊ ပြည်သူနှင့် ပူးပေါင်းတိုက်ထုတ်ရန်လိုအပ်၊ ထိုသူများကို လူ့အခွင့်အရေး စံနှုန်းများဖြင့် တိုင်းတာရန်မဖြစ်နိုင်ဟု ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့်ရှိသူ ပြောကြား ရခိုင်ပြည်နယ် မြောက်ပိုင်း ပြသ၁နာတွင် နိုင်ငံအတွင်းသို့ ကျူးကျော် ဝင်ရောက်ကာ အကြမ်းဖက်လုပ်ငန်းများကို လုပ်ကိုင်၍ တိုင်းပြည်၏ ပိုင်းနက်နယ်မြေကို ဖဲ့ထုတ်ရန် ကြိုးပမ်းနေသူများကို အစိုးရ၊ တပ်မတော်၊ ပြည်သူများနှင့် အတူပူးပေါင်း တိုက်ထုတ်ရန် လိုအပ်ပြီး ထိုသူများကို ဒီမိုကရေစီရေး လူ့အခွင့်အရေး စံနှုန်းများနှင့်လည်း တိုင်းတာရန် မဖြစ် နိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က The Ladies News သို့ ပြောကြား သည်။ ထိုသူများနှင့် ဌာနေ တိုင်းရင်းသားများ အတူတကွ နေထိုင်ရန် ဆိုသည်မှာ လည်း ဘယ်လိုမှ မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။ `မွတ်ဆလင်ကို ပြောနတာ မဟုတ်ဘူး၊ ဗုဒ္ဓဘာသာကို ပြောတာမဟုတ် ဘူး။ လူမျိုးရေးအရ ပြောနေတာ မဟုတ်ဘူး။ နိုင်ငံသား ဟုတ်မဟုတ်ကို ပြောနေတာ၊ နိုင်ငံသား မဟုတ်တဲ့သူတွေက ကျွန်တော်တို့ နိုင်ငံကို ကျူးကျော် ဝင်ရောက်ပြီးတော့မှ ကျွန်တော်တို့ ပိုင်နက်ကို ဖဲ့ထုတ်ဖို့ ကြိုးစားတာ၊ လူသတ်တာ၊ အိမ်မီးရှို့တာ၊ မုဒိမ်းကျင့်တာ ဒါတွေလုပ်နေတဲ့ ဟာကို ကျွန်တော်တို့က ပြတ်ပြတ်သားသား အစိုးရနဲ့ရော၊ တပ်မတော်နဲ့ ရော၊ ပြည်သူနဲ့ရော ပူးပေါင်းပြီး ဒါကို တိုက်ထုတ်ပစ်ရမှာ။ အဲဒါကို လူ့အခွင့်အရေးတို့ ဒီမိုကရေစီ အရေးတို့ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဒီလူတွေကို ကျွန်တော်တို့ နိုင်ငံသားတွေနဲ့ အတူတူ နေပါ၊ ပြေပြေလည်လည် နေပါဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ´ ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။ ရခိုင်းအရေးတွင် သူမှားသည်၊ ငါမှန်းသည်ဆိုပြီး တစ်ဦးနှင့်တစ်ဦး စွပ်စွဲပြစ်တင်နေရမည့် အချိန်မဟုတ်ပဲ အားလုံး စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်မည့် အချိန်ဖြစ်သည့်ဟု ၎င်းကပြောကြားသည်။ `နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ လက်ရှိ NLD အစိုးရတို့ လုပ်နေ တာကိုလည်း ကျွန်တော်တို့က ဝိုင်းပူးပေါင်းပြီး ဒီကိစ္စကိုလုပ်ရမှာ။ ဒါပေမယ့် မတူတဲ့ အမြင်တွေကိုတော့ ကျွန်တော်တို့က ညှိအုံးမှာပေါ့` ဟု ၎င်းကပြော ကြားသည်။ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းအား သဘောထား မှတ်ပေးရန် The Ladies News က မေးမြန်းရာမှာတော့ ဒေါက်တာနန္ဒာလှမြင့်က လတ်တလော တွင် သဘောထားမှတ်ချက် မပေးလိုသေးကြောင်း ပြန်လည် ဖြေကြား သည်။ News-The Ladies Photo- Aung MoeKyaw

No comments