စီးပြါးေရးသမားပီသသူ

Zawgyi စီးပြါးေရးသမားပီသသူ =============== တခါက နယူးေယာက္ဘဏ္ထဲကို အိႏၵိယ လူမ်ိဳးတစ္ေယာက္ဝင္လာၿပီး သူ အိႏၵိယ ကို ႏွစ္ပတ္ၾကာအလုပ္ကိစၥသြားရမွာမို႔ ေဒၚလာ (၅,၀၀၀) ေခ်းယူခ်င္ေၾကာင္း ေျပာပါတယ္။ ေခ်းေငြမန္ေနဂ်ာက လိုအပ္တဲ့ စာရြက္စာတမ္းေတြထုတ္ေပးရင္း အာမခံပစၥည္းထားဖို႔လိုအပ္ေၾကာင္း ေျပာပါတယ္။ သူက သူစီးလာတဲ့ ေဒၚလာ(၇၅၀,၀၀၀)တန္ ဇိမ္ခံစီး ဖာရာရီကားႀကီးကို အာမခံအျဖစ္ လက္ခံႏိုင္မလားလို႔ေမးပါတယ္။ ေခ်းေငြမန္ေနဂ်ာလည္း ဘဏ္ဥကၠဌနဲ႔တိုင္ပင္ၿပီး ဖာရာရီကားကို အာမခံအျဖစ္ယူထားကာ ေဒၚလာ (၅,၀၀၀) ထုတ္ေခ်း ေပးလိုက္ပါတယ္။ ဘဏ္ဝန္ထမ္းေတြလည္း ေဒၚလာ (၇၅၀,၀၀၀) တန္ဖာရာရီကားႀကီးကို ေမာင္းသြားၿပီး ဘဏ္ရဲ႕ ေျမေအာက္ကားပါကင္ထဲမွာ ေသခ်ာသိမ္းထားလိုက္ပါေတာ့တယ္။ သူဘဏ္ထဲကျပန္ထြက္သြားတဲ့အခါ ဘဏ္ဥကၠဌနဲ႔ေခ်းေငြမန္ေနဂ်ာလည္း အခ်င္းခ်င္းၾကည့္ၿပီး အားပါးတရ ရယ္ေမာမိၾကပါတယ္။ ေဒၚလာ (၇၅၀,၀၀၀)တန္ကားကို အေပါင္ေပးၿပီး ေဒၚလာ(၅,၀၀၀)ပဲ ေခ်းသြားတယ္၊ ဘယ္လိုအ႐ူးလဲေပါ႔.... ႏွစ္ပတ္ၾကာတဲ့အခါ ထိုအိႏၵိယအမ်ိဳးသား ျပန္ေရာက္လာၿပ္ီး သူေခ်းယူသြားတဲ့ ေဒၚလာ(၅,၀၀၀) နဲ႔ အတိုးေငြ(၁၅ . ၄၁) ေဒၚလာ ကိုေပးၿပီးသူအေပါင္ထားသြားတဲ့ ဖာရာရီကား ကိုလာျပန္ယူပါတယ္... ဘဏ္ဥကၠဌ နဲ႔ေခ်းေငြမန္ေနဂ်ာလည္း… "ဆရာခင္ဗ်ား... ဆရာနဲ႔အလုပ္လုပ္ရတာ အရမ္းေပ်ာ္ရႊင္အားရမိပါတယ္၊ ဆရာထြက္သြားၿပီးေနာက္ စုံစမ္းၾကည့္တာ ဆရာက Multi-millionaire တစ္ဦးျဖစ္ေၾကာင္း သိရပါတယ္၊ ဒါေပမယ့္ က်ေနာ္တို႔ မရွင္းတာေလးတစ္ခုေတာ့ေမးပါရေစ၊ ဘာလို႔ ေဒၚလာ (၇၅၀,၀၀၀) တန္ ဖာရာရီကားႀကီးကိုအေပါင္ေပးၿပီး ေဒၚလာ (၅,၀၀၀)ပဲလာေခ်းယူသြားတာလဲ သိခ်င္ပါတယ္ခင္ဗ်ာ" လို႔ေမးၾကပါတယ္။ အဲ့ဒီ အိႏၵိယအမ်ိဳးသား ျပန္ေျဖတာက… "နယူးေယာက္ၿမိဳ႕မွာ ၁၅ ေဒၚလာ ၄၁ ဆင့္ေလာက္နဲ႔ (၁၄) ရက္လုံးလုံး ရပ္လို႔ရမယ့္ ကားပါကင္ေနရာ မရွိဘူးေလ၊ ေနာက္ၿပီး ငါျပန္လာရင္ေတာင္ ကားက ေနရာမွာရွိခ်င္မွရွိေတာ့မွာ... စိတ္အခ်ရဆုံးနဲ႔ အတန္ဆုံးကေတာ့ မင္းတို႔ကို အတိုးေငြ ၁၅ ေဒၚလာ ၄၁ ဆင့္ ေပးၿပီး မင္းတို႔ဘဏ္ရဲ႕ကားပါကင္မွာ ထားဖို႔ပဲေလ" လို႔ျပန္ေျဖသြားပါတယ္။ သူေကတာ့တ်ခားလူမဟုတၸါဘူး... သူ့ရဲ႕ခပ္ေဟာ့ေဟာ့စတိုင္ေတြေၾကာင့္ နာမည္ႀကီးခဲ့တဲ့ အိႏၵိယႏိုင္ငံရဲ႕ စီးပြားေရးနဲ႔ႏိုင္ငံေရးသမားႀကီး Vijay Mallya ပဲျဖစ္ပါေတာ့တယ္။ Credit- Via- အရွင္ ဝါ သဝ မာမာဦး 20. 10. 2017 Unicode စီးပွါးရေးသမားပီသသူ =============== တခါက နယူးယောက်ဘဏ်ထဲကို အိန္ဒိယ လူမျိုးတစ်ယောက်ဝင်လာပြီး သူ အိန္ဒိယ ကို နှစ်ပတ်ကြာအလုပ်ကိစ္စသွားရမှာမို့ ဒေါ်လာ (၅,၀၀၀) ချေးယူချင်ကြောင်း ပြောပါတယ်။ ချေးငွေမန်နေဂျာက လိုအပ်တဲ့ စာရွက်စာတမ်းတွေထုတ်ပေးရင်း အာမခံပစ္စည်းထားဖို့လိုအပ်ကြောင်း ပြောပါတယ်။ သူက သူစီးလာတဲ့ ဒေါ်လာ(၇၅၀,၀၀၀)တန် ဇိမ်ခံစီး ဖာရာရီကားကြီးကို အာမခံအဖြစ် လက်ခံနိုင်မလားလို့မေးပါတယ်။ ချေးငွေမန်နေဂျာလည်း ဘဏ်ဥက္ကဌနဲ့တိုင်ပင်ပြီး ဖာရာရီကားကို အာမခံအဖြစ်ယူထားကာ ဒေါ်လာ (၅,၀၀၀) ထုတ်ချေး ပေးလိုက်ပါတယ်။ ဘဏ်ဝန်ထမ်းတွေလည်း ဒေါ်လာ (၇၅၀,၀၀၀) တန်ဖာရာရီကားကြီးကို မောင်းသွားပြီး ဘဏ်ရဲ့ မြေအောက်ကားပါကင်ထဲမှာ သေချာသိမ်းထားလိုက်ပါတော့တယ်။ သူဘဏ်ထဲကပြန်ထွက်သွားတဲ့အခါ ဘဏ်ဥက္ကဌနဲ့ချေးငွေမန်နေဂျာလည်း အချင်းချင်းကြည့်ပြီး အားပါးတရ ရယ်မောမိကြပါတယ်။ ဒေါ်လာ (၇၅၀,၀၀၀)တန်ကားကို အပေါင်ပေးပြီး ဒေါ်လာ(၅,၀၀၀)ပဲ ချေးသွားတယ်၊ ဘယ်လိုအရူးလဲပေါ့.... နှစ်ပတ်ကြာတဲ့အခါ ထိုအိန္ဒိယအမျိုးသား ပြန်ရောက်လာပြ်ီး သူချေးယူသွားတဲ့ ဒေါ်လာ(၅,၀၀၀) နဲ့ အတိုးငွေ(၁၅ . ၄၁) ဒေါ်လာ ကိုပေးပြီးသူအပေါင်ထားသွားတဲ့ ဖာရာရီကား ကိုလာပြန်ယူပါတယ်... ဘဏ်ဥက္ကဌ နဲ့ချေးငွေမန်နေဂျာလည်း… "ဆရာခင်ဗျား... ဆရာနဲ့အလုပ်လုပ်ရတာ အရမ်းပျော်ရွှင်အားရမိပါတယ်၊ ဆရာထွက်သွားပြီးနောက် စုံစမ်းကြည့်တာ ဆရာက Multi-millionaire တစ်ဦးဖြစ်ကြောင်း သိရပါတယ်၊ ဒါပေမယ့် ကျနော်တို့ မရှင်းတာလေးတစ်ခုတော့မေးပါရစေ၊ ဘာလို့ ဒေါ်လာ (၇၅၀,၀၀၀) တန် ဖာရာရီကားကြီးကိုအပေါင်ပေးပြီး ဒေါ်လာ (၅,၀၀၀)ပဲလာချေးယူသွားတာလဲ သိချင်ပါတယ်ခင်ဗျာ" လို့မေးကြပါတယ်။ အဲ့ဒီ အိန္ဒိယအမျိုးသား ပြန်ဖြေတာက… "နယူးယောက်မြို့မှာ ၁၅ ဒေါ်လာ ၄၁ ဆင့်လောက်နဲ့ (၁၄) ရက်လုံးလုံး ရပ်လို့ရမယ့် ကားပါကင်နေရာ မရှိဘူးလေ၊ နောက်ပြီး ငါပြန်လာရင်တောင် ကားက နေရာမှာရှိချင်မှရှိတော့မှာ... စိတ်အချရဆုံးနဲ့ အတန်ဆုံးကတော့ မင်းတို့ကို အတိုးငွေ ၁၅ ဒေါ်လာ ၄၁ ဆင့် ပေးပြီး မင်းတို့ဘဏ်ရဲ့ကားပါကင်မှာ ထားဖို့ပဲလေ" လို့ပြန်ဖြေသွားပါတယ်။ သူကေတာ့တျခားလူမဟုတ္ပါဘူး... သူ့ရဲ့ခပ်ဟော့ဟော့စတိုင်တွေကြောင့် နာမည်ကြီးခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးနဲ့နိုင်ငံရေးသမားကြီး Vijay Mallya ပဲဖြစ်ပါတော့တယ်။ Credit- Via- အရှင် ဝါ သဝ မာမာဦး 20. 10. 2017

No comments