စစ်နတ်ဘုရား၏သားတော်များ(သို့) ဂေါ်ရခါးစစ်သည်တော်များ

စစ်နတ်ဘုရား၏သားတော်များ(သို့) ဂေါ်ရခါးစစ်သည်တော်များ ================================== ယနေ့ဂေါ်ရခါးစစ်သည်တွေရဲ့ မျိုးရင်းနိုင်​ငံဟာ နီပေါနိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်​ငံအတွင်းမှာလည်း နေထိုင်ကြပါတယ်။ ဂေါ်ရခါးဆိုတဲ့ အမည်ဟာ ၈ ရာစုနှစ်မှာထင်ရှားခဲ့တဲ့ နီပေါသူရဲကောင်း ဂရုဂေါ်ရခါနက်ကို အစွဲပြုပြီး ဂေါ်ရခါးလို့ခေါ်တွင်ခဲ့တာဖြစ်​ပါတယ်။ အများအားဖြင့် ဗုဒ္ဓဘာသာနဲ့ ဟင်ဒီ စစ်နတ်ဘုရားဖြစ်တဲ့ ဒူဂါနတ်သမီးကို ကိုးကွယ်ကြပါတယ်။ မွေးရာပါစစ်စိတ်စစ်သွေးထက်သန်ကြသူတွေဖြစ်ပြီး အရွယ်ရောက်တာနဲ့ စစ်သားလုပ်ကြသဖြင့် လယ်လုပ်မည့် ယောင်္ကျားသားများ နီပေါနိုင်ငံမှာမရှိသည်အထိဖြစ် ဖူးပါတယ်။ ဂေါ်ရခါးတွေရဲ့ အမှတ်အသားကတော့ ကွတ်ကရီး ဓားကောက်ဖြစ်ပြီး နောက်ထပ်ထူးခြား တဲ့ဝိသေသကတော့ အကြောက်ရွံကင်းမဲ့ခြင်းဖြစ်ပါတယ်။ ယခင် အိန္ဒိယစစ်ဦးစီးချုပ်ဟောင်း ဖီးမာရှယ်​ ဆမ်မာနက်ရှောက ဘယ်လိုပြောဖူးသလဲဆိုရင် "တစ်ယောက်ယောက်​က ငါ့ကိုသေရမှာမကြောက်ဖူးလို့ လာပြောရင် ဒီလူငါ့ကိုလိမ်နေတာဖြစ်ရင်ဖြစ်မဟုတ်လို့ကတော့ ဒီလူဟာဂေါ်ရခါးလူမျိုးဖြစ်ရမယ်" ဆိုပြီးမှတ်ချက်ချဖူးပါတယ်။ နီ​ပေါနိုင်​ငံဟာ ​အေဒီ၈ရာစုကစပြီး နီပေါအင်ပါယာအဖြစ် ရပ်တည်ခဲ့ရာမှ ၁၈၁၄-၁၈၁၆ အင်ဂလို-နီပေါစစ်ပွဲဖြစ်ပွားခဲ့ပြီး အရှေ့အိန္ဒိယ ကုမ္မဏီတပ်တွေက နီပေါနိုင်​ငံကို အိန္ဒိယအင်ပါယာအတွင်းသို့ သွတ်သွင်းခဲ့ပါတယ်။ ဒီအချိန်ကစပီး ဂေါ်ရခါးစစ်သည်တော်အမြောက်အမြားဟာ သူတို့ရဲ့ ထူးခြားတဲ့စစ်သားပီသမှု ဝိသေသကြောင့် အင်္ဂလိပ်တို့ရဲ့ လက်အောက်ခံ INDIA CORPS အတွင်းမှာအရေးပါတဲ့ အခန်းကဏ္ဍကပါဝင်ခဲ့ပြီး ပထမကမ္ဘာစစ် နဲ့ ဒုတိယကမ္ဘာစစ်အတွင်​းမှာ ကမ္ဘာဒေသ အများအပြား၌ ပြောင်မြောက်စွာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဂေါ်ရခါးတပ်ရင်းပေါင်း (၄၀)အထိ ဗြိတိသျှ တပ်မတော်အတွင်း မှာထားရှိခဲ့ပီး တော်ဝင်ဘုရင့်တပ်မတော်ရဲ့ ကျောရိုးဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မြေပြင်နဲ့ ဝင်းဂိတ်ရဲ့ ခရီးရှည်ထိုးဖောက်ချီတပ်မှုအတွင်းမှာ ဂေါ်ရခါးစစ်သည်တွေ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ပါတယ်။ အင်္ဂလိပ်တပ်မတော်အတွင်းသာမက ပြင်သစ်တို့ရဲ့ French Foreign Legion တပ်ဖွဲအတွင်းမှာလည်း ထင်ရှားခဲ့ပါတယ်။ မြန်မာ့တပ်မတော်အတွင်းမှာလည်း ဂေါ်ရခါးတပ်ရင်း(၁)ရင်းရှိခဲ့ပီး အဲဒီတပ်ကတော့ မန္တလေးတိုင်း ပုသိမ်ကြီးမှာရှိတဲ့ 4th Gurkha Rifle ခေါ် အမှတ်(၄)ခြေလျင်တပ်ရင်းဖြစ်ပါတယ်။ သည်တပ်ရင်းဟာ တပ်ရင်းမှူ းကစလို့ စစ်သည်အားလုံးဂေါ်ရခါးအမျိုးသားတွေသာ ပါဝင်ခဲ့ပီး မြန်မာအရာရှိအချို့သာပါဝင်ခဲ့ပါတယ်။ ၁၉၄၈ အင်းစိန်တိုက်ပွဲ ၊ အောင်သာစည်တိုက်ပွဲ ၊ တရုတ်ဖြူ ရန်ကြီးအောင်စစ်ဆင်ရေး ၊ ၁၉၈၂ စီစီဝမ်တာပန်တိုက်ပွဲ ၊၂၀၀၂ ပန်မိုင်ဆွန်တိုက်ပွဲတွေမှာ ခလရ(၄) ခေါ် ဂေါ်ရခါး ၄ ဟာ တပ်မတော်အပေါ် သစ္စာရှိရှိ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့တယ်။ ထင်ရှားတဲ့သာဓကကတော့ နိုင်ငံတော်ရဲ့ အမြင့်ဆုံးစွမ်းရည်သတ္တိ ဘွဲ့ဖြစ်တဲ့ အောင်ဆန်းသူရိယဘွဲ့ရ ၆ ဦးအနက် ဂေါ်ရခါးအမျိုးသား စွက်ဗဟာဒူးရိုင်း ပါဝင်ခဲ့ခြင်းပါပဲ။အဲဒီတော့ မြန်မာတိုင်းရင်းသား မဟုတ်​​သော်ငြားလည်း တိုင်းရင်းသားနဲ့ မခြားတိုင်းပြည်အပေါ်သစ္စာရှိခဲ့တဲ့ ဂေါ်ရခါးစစ်သည်တော်တွေကို မမေ့အပ်ပါကြောင်းယခု စာစုဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ From ဗဟုသုတ အတိုအစများ Photo - fb

No comments