အမျိုးသားရေးဝါဒနဲ့ပဲ

ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အမျိုးသားရေးဝါဒနဲ့ပဲ ရခိုင်မြေကို ကာကွယ်သွားရမယ် ===================== မိုးအောင်လင်းနိုင် (၁) ဒီကနေ့ ကမ္ဘာကြီးတစ်ခုလုံး ကျီးလန့်စာစားဖြစ်နေရတဲ့ အစွန်းရောက်အကြမ်းဖက်အန္တရာယ်ရဲ့အစကို ကြည့်မယ်ဆိုရင် ဘာသာရေး(ဘာသာတစ်ခုအကြောင်းပြု)နဲ့ စတယ်လို့ ဆိုနိုင်ပါတယ်။ အီဂျစ်မှာစခဲ့တဲ့ Islamic Brotherhoodအဖွဲ့၊ အဲဒီကနေ Islamic Brotherhood ထက် ပိုမာ ပိုကြမ်းတဲ့ အယ်လ်ကိုင်ဒါ၊ အရက်စက် အပြင်းထန်ဆုံး အိုင်အက်စ်အစွန်းရောက်အဖွဲ့အစည်းတွေ ထွက်ပေါ်လာခဲ့ပြီး ခုဆိုရင် အစွန်းရောက်အန္တရာယ် ခြိမ်းခြောက်မှုတွေဟာ အရှေ့အလယ်ပိုင်းမှာသာမကဘဲ အရှေ့တောင် အာရှနဲ့ မြန်မာပြည်၊ ရခိုင်ဒေသထိ ကူးစက်ပြန့်ပွားလာခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးအပေါ် နိုင်ငံတကာအကြမ်းဖက်အုပ်စုဖြစ်တဲ့ အိုင်အက်စ်ဟာ ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်းမှာ အခြေအနေမကောင်း၊ ပြိုကွဲလာတဲ့အတွက် နယ်မြေသစ်ချဲ့ထွင်ရှာဖွေခဲ့ပြီး ပြီးခဲ့တဲ့ ၂ဝ၁၂ ကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဘူးသီးတောင်၊ မောင်တောကို လာကြည့်သွားတယ်လို့ သိရပါတယ်။ အစ္စလာမ်မစ်အစွန်းရောက် တွေဟာ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား သုံးပွင့်ဆိုင်နေရာကို ပိုသဘောကျပြီး အဘူဆေယက်ကို အရှေ့တောင်အာရှဒေသအိုင်အက်စ်ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကနေ အရှေ့ တောင်အာရှဒေသမှာ အကြမ်းဖက် အန္တရာယ်ခြိမ်းခြောက်မှုတွေ ပိုမိုကြီထွားလာခဲ့ပြီး ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့သလို ဖိလစ်ပိုင်နိုင်ငံ၊ မာရာဝီမှာဆိုရင်လည်း အစ္စလာမ်မစ်အစွန်းရောက်တွေကြောင့် အကျပ်အတည်းဆိုက်နေရပါပြီ။ မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာတော့ ၂ဝ၁၆ ခု၊ အောက်တိုဘာ ၉ ရက်နေ့က မောင်တောမြို့၊ နယ်ခြားစောင့်တပ်စခန်းတွေ ဝင်စီးခံခဲ့ရသလို ၂ဝ၁၇ ခု၊ သြဂုတ်လ ၂၅ ရက်နေ့ကလည်း ရဲကင်းစခန်းပေါင်း ၃ဝ ကို ဘင်္ဂါလီအကြမ်းဖက်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာတွေ့ရမှာပါ။ လက်ရှိမြန်မာအစိုးရအတွက် အကျပ်အတည်းဆိုက်ရောက်စေတဲ့ ရခိုင်အရေးကို ကြည့်မယ်ဆိုရင်တော့ ဘင်္ဂါလီတွေနဲ့ ဖြစ်ပွားခဲ့ရတဲ့ ဒီရခိုင်ပြဿနာဟာ ခုမှဖြစ်ပွားတဲ့ ပြဿနာတစ်ခုမဟုတ်ဘဲ ဟိုးနှစ်ပေါင်းများစွာကတည်းက အခြေတည်လာခဲ့တဲ့ အနာဟောင်းကြီးတစ်ခုဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ (၂) ပြီးခဲ့တဲ့ ၁၉၄၇ ခုနှစ်က အိန္ဒိယနိုင်ငံကို မွတ်ဆလင်အိန္ဒိယ နဲ့ ဟိန္ဒူအိန္ဒိယ နှစ်ပိုင်းခွဲဖို့ကြိုးစားခဲ့တဲ့အချိန် အင်္ဂလိပ်ဘုရင်ခံချုပ် လော့ဝီမောင့်ဘက်တန် တင်ပြတဲ့အချိန်ကတည်းက အစ္စလာမ်ခေါင်းဆောင် မိုမာမက် အာလီဂျင်းနားက ဘူးသီးတောင်၊ မောင်တောဧရိယာကို သူတို့ ပါကစ္စတန်ထဲထည့်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ ၁၉၄၂ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်မှာ မူဂျာဟစ်တွေက အင်္ဂလိပ်ဆီကရတဲ့ လက်နက်တွေနဲ့ ရခိုင်တိုင်းရင်းသားပေါင်း ၃ဝ,ဝဝဝ ကျော်လောက်ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပြီး လက်ရှိအချိန် ဘူးသီးတောင်၊ မောင်တောမှာ Persecuted Minority ဆိုပြီး အနှိပ်စက်ခံနေရတာဟာ ဘင်္ဂါလီတွေမဟုတ်ဘဲ ရခိုင်တိုင်းရင်းသားတွေဖြစ်ပါတယ်။ ရခိုင်အရေးကိစ္စဟာ အကြောင်းအရာပေါင်းစုံ၊ အကြောင်းအမျိုးမျိုး စုပေါင်းပြီးတော့မှ ပေါ်ပေါက်လာတဲ့ အလွန်ရှုပ်ထွေးနက်နဲတဲ့ အရေးတစ်ခုဖြစ်ပြီး အဓိကအကြောင်းရင်းတွေကို ဆန်းစက်ကြည့်ဖို့ လိုလာပါတယ်။ ရခိုင်ပြဿနာဟာHistorical Legacy လို့ခေါ်တဲ့ သမိုင်းဆိုးမွေတွေကို ဆက်ခံခဲ့ရတာကြောင့်ဖြစ်သလို ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံကြားမှာရှိနေတဲ့ ပထဝီဝင်အနေအထား၊ လူဦးရေအနေအထား သက်ရောက်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ကိစ္စမှာ ပြည်တွင်းပြည်ပ နိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပါဝင်လှုပ်ရှားမှု၊ အကြမ်းဖက်အဖွဲ့အစည်းနဲ့ တခြားနိုင်ငံပြင်ပဇာတ်ကောင်တွေ ပါဝင်လှုပ်ရှားမှုတွေကြောင့် ခုလိုရှုပ်ထွေးလာတယ်လို့လည်း ပညာရှင် ဦးကိုကိုလှိုင်က သုံးသပ်ပြပါတယ်။ ရခိုင်ပြည်၊ ဘူးသီးတောင် မောင်တောဒေသဟာ သွားရေးလာရေး အလွန့်အလွန်ခက်ခဲပြီးတော့ ဒီဒေသရဲ့လူမှုစီးပွားရေးအခြေအနေ နိမ့်ကျမှုတွေကလည်း ပြဿနာကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ အဲဒီလို အခြေအနေအရပ်ရပ်တွေ ရှိနေတဲ့အချိန်မှာ နိုင်ငံတကာမှာ ပျံ့နှံ့လာတဲ့ ဘာသာရေးအစွန်းရောက် သဘောတရား အတွေးအခေါ်တွေ နယ်မြေခံလူထုကိုသွတ်သွင်းလိုက်တဲ့ အချိန်မှာ ပိုမိုဆိုးရွားသွားစေခဲ့တာပါပဲ။ နောက်တစ်ခု ရခိုင်-ဘင်္ဂါလီအရေးကိစ္စကို ပြောကြတဲ့အခါတိုင်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာက မောင်တောနဲ့ကပ်လျက်တည်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေပေါက်ကွဲမှုအကြောင်းကိုပါ။ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ဝင်ရောက်လာကြတဲ့ သမိုင်းကြောင်းအရ ဗြိတိသျှကိုလိုနီခေတ်မှာ ဘင်္ဂါလီတွေဟာ ဗီဇာမလို၊ ပတ်စ်ပို့ မလိုဘဲ သင်္ဘောလက်မှတ်တောင် အလကားပေးပြီးတော့ လုပ်အားလိုအပ်နေတဲ့ မြန်မာနိုင်ငံထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာကြပါတယ်။ ရခိုင်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့အတွက် နတ်မြစ်ကလေးကို ကျော်လိုက်ရုံနဲ့ ရောက်လာကြပြီဆိုတော့ ရာသီပေါ်အလုပ်သမားတွေ၊ ရထားလမ်းဖောက်တဲ့အချိန်မှာ ရထားလမ်းအလုပ်သမားတွေအကုန်လုံး အုံနဲ့ကျင်းနဲ့ ခေါ်ယူလုပ်ကိုင်ခဲ့ကြတဲ့အတွက် ဘင်္ဂါလီတွေ တစ်လှေကြီး ရခိုင်နယ်ထဲကို ရောက်လာခဲ့ကြတာပါ။ ၁၈၇၂ ခုနှစ်တုန်းက စစ်တွေခရိုင်မှာ မိုဟာမက်ဒင်ဦးရေ အရေအတွက် ၅ သောင်း ၈ ထောင် ပဲရှိခဲ့ပြီး ၁၉၁၁ ခုနှစ်ရောက်တဲ့အချိန်မှာ တစ်သိန်း၊ ခုနစ်သောင်း၊ ရှစ်ထောင်ထိဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီကနေ့အချိန်မှာဆိုရင်တော့ မောင်တောဒေသမှာ မွတ်ဆလင်လူဦးရေက ၉၇ ရာခိုင်နှုန်းထိရှိပြီး ဒေသခံ ရခိုင်လူမျိုး ၃ ရာခိုင်နှုန်းပဲ ရှိတော့တယ်ဆိုတဲ့ ကိန်းဂဏန်းအချက်အလက်တွေလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ (၃) နိုင်ငံတစ်ခု တည်ထောင်တယ်ဆိုတာ မြေကြီးနဲ့လူ၊ အဓိကပါဝင်တာ နှစ်ခုပဲ။ မြေကြီးက ကျွန်တော်တို့မြေကြီး၊ လူက ကျွန်တော်တို့နဲ့ မတူတဲ့လူ။ သူတို့ကပြန်ပြီးတော့ Claimလုပ်လာတဲ့အခါရှိရင် မြေကြီးက ပြန်ပြီးတော့ တောင်းဆိုလို့မရဘူး။ ရှိနေတဲ့ လူကပဲ တောင်းဆိုတာ။ လူကပဲ စကားပြောတတ်တာ။ မြေကြီးက စကားမပြောတတ်ဘူး။ အဲတော့ နေရာတစ်ခုမှာ ကိုယ်က အထိုင်ဦးထားဖို့လိုတယ်'လို့ တင်ပြဆွေးနွေးထားတဲ့ နိုင်ငံတကာရေးရာ သုတေသီ ဦးကိုကိုလှိုင်က 'အိန္ဒိယမှာလည်း ဒီလိုပြဿနာတွေ ရှိခဲ့တယ်။ သို့သော်ငြားလည်းပဲ အိန္ဒိယမှာဆိုတော့ ဒီ Governer ကြီးရဲ့ report ပြီးတဲ့နောက်ပိုင်းမှာ အိန္ဒိယက ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယကြားထဲမှာ မိုင်ပေါင်း ၁၇ဝဝ ကျော်လောက်ကို ခြံစည်းရိုးခတ်ပစ်လိုက်တယ်။ မျှော်စင်တွေ တပ်ထားတယ်၊ တပ်တွေအများကြီး ချထားလိုက်တယ်၊ Border Security Force, BSF ဆိုပြီး ဖွဲ့ထားတယ်။ အဲဒီ BSF တွေက ခွင့်ပြုချက်မရှိဘဲ ဝင်လာတဲ့သူတွေကို ပစ်သတ်နိုင်တဲ့ အာဏာ ၁၄၄ နဲ့ထုတ် ပေးထားတယ်ဆိုတဲ့အခါကျတော့ ဒါတောင်မှလည်း ခိုးဝင်ခိုးထွက် အများကြီးရှိတယ်၊ ဆိုလိုတဲ့သဘောက ကျွန်တော်တို့တင် ရင်ဆိုင်နေရတာ မဟုတ်ဘူး။ ဒီပြဿနာက Illegal Migration အိန္ဒိယလည်း ရင်ဆိုင်နေရတယ်။ ဒါပေမဲ့လည်း သူတို့ကိုကျတော့ ဘာကြောင့်မပြောကြတာလဲ။ သူတို့က Shootto Kill တောင်မှ Order ထုတ်ထားတာ။ ဘာကြောင့် ကျွန်တော်တို့ကို ဖိပြောနေကြတာလဲ။ ဒီဟာတွေဟာ ဘာလဲဆိုလို့ရှိရင် အဓိကကတော့ Power Politics အင်အားနိုင်ငံရေးပဲ' လို့လည်း ထောက်ပြသွားခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ(သူတို့အခေါ် ရိုဟင်ဂျာတွေ)ကို အနိုင်ကျင့် သတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခုမှမဟုတ်ဘဲ လွတ်လပ်ရေးရခါစ မူဂျာဟစ်ဒင်လှုပ်ရှားမှုကို တပ်မတော်က Operation လုပ်တဲ့အချိန်တုန်းကလည်း ဘင်္ဂါလီတွေ ထွက်ပြေးတဲ့အချိန်မှာ တပ်မတော်က လူတွေအများကြီး သတ်တယ်၊ ရွာတွေကို မီးရှို့တယ်၊ အမျိုးသမီးတွေကို အဓမ္မ ကျင့်တယ်လို့ စွပ်စွဲခဲ့ကြောင်း သိရပါတယ်။ (၄) ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး နောက်ကွယ်က အမျိုးမျိုးသော ဖိအားပေးတောင်းဆိုမှု၊ မဟုတ်မမှန် စွပ်စွဲပုံဖော်မှုတွေကြောင့် လူ့အခွင့်အရေးသမားတွေ ဘယ်လိုပဲပြောပြော ကိုယ့်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် ခိုင်မာတဲ့ ဆုံးဖြတ်တဲ့၊ ပြတ်သားတဲ့ခေါင်းဆောင်မှု၊ အင်အားတောင့်တဲ့ အစိုးရအနေနဲ့ လုပ်သင့်တာကိုလုပ်ဖို့ လိုအပ်ကြောင်းလည်း ဦးကိုကိုလှိုင်က ရုရှားဝန်ကြီးချုပ် ပူတင်ကို ဥပမာပေးပြီး တိုက်တွန်းသွားခဲ့ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ခံရမှုပြဿ နာတွေကို ဖြေရှင်းနိုင်ဖို့အတွက် လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဥပဒေစိုးမိုးရေး ဖြစ်အောင် မဖြစ်မနေ လုပ်ဆောင်သွားဖို့ လိုအပ်နေပါပြီ။ သက်ဆိုင်ရာ နယ်မြေအတွင်း ထိရောက်တဲ့ အာဏာစက်၊ အစိုးရရဲ့ အာဏာစက်ရနိုင်အောင် ထူထောင်ပေးရမှာဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးတွေကို ထိထိရောက်ရောက် လုပ်ဆောင်ပေးရပါမယ်။ တကယ်လို့ ဒီနယ်မြေကို ကိုယ့်ဘက်က မစိုးမိုးနိုင်ဘူးဆိုရင်တော့ သူတို့ဘက်က စိုးမိုးတဲ့ အနက်ရောင်နယ်မြေတစ်ခုဖြစ်သွားပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာအတွက် စိုးရိမ်စရာကြုံ တွေ့လာရတော့မယ်ဆိုတာကို တာဝန်ရှိသူတွေအနေနဲ့ သဘောပေါက် လက်ခံဖို့ လိုအပ်လာခဲ့ပါပြီ။ 'ကိုယ်က မစိုးမိုးထားရင် အနက်ရောင်နယ်မြေဖြစ်သွားမယ်။ အခု အနက်ရောင်နယ်မြေနီးပါးဖြစ်နေပြီ။ အဖြူရောင်နယ်မြေဖြစ်အောင် ပြန်လည် လုပ်ယူရမယ်။ ဒီလုပ်လုပ်တဲ့နေရာတွေမှာ တပ်တစ်ခုတည်းနဲ့ မရဘူး။ Cevil Service တစ်ခုတည်းနဲ့လည်း မရဘူး။ ပြည်သူတွေအားလုံးဝိုင်းရမယ်။ ပြည်တွင်းက မျိုးချစ်စိတ်ရှိတဲ့ အမျိုးသား ရေးစိတ်ဓာတ်ရှိတဲ့ NGO တွေ၊ လူမှုအဖွဲ့အစည်းတွေ အကုန်ဝိုင်းထားပြီးတော့မှ လုပ်ပေးကြရမယ်'လို့ ဦးကိုကိုလှိုင်က ဖွင့်ဟပြီး အဲဒီလို လုပ်ဆောင် တဲ့နေရာမှာ အစွန်းရောက်ပြီး ရှိသမျှ ဘင်္ဂါလီတွေအားလုံး အကုန်ရှင်းထုတ် ပစ်ဖို့ မဖြစ်နိုင်သလို အားလုံးကို လက်လျှော့ပြီး လုပ်ချင်တာလုပ်ကြတော့လို့ ထိုးအပ်လိုက်လို့လည်း မဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဟာ တကယ့်ကို အင်မတန်အရေးကြီးတဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ် ကြောင်း သတိပေးသွားခဲ့ပါတယ်။ တာဝန်ရှိသူများအနေနဲ့ အရင်ဆုံး ရှင်းလင်းလုပ်ဆောင်ရမှာက မြန်မာနိုင် ငံမှာ ရိုဟင်ဂျာမရှိဘူးဆိိုတဲ့ကိစ္စဖြစ်ပြီး ဒီလို မြန်မြန်ဆန်ဆန် ရှင်းလင်းထား နိုင်မှ နောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ သက်သာဖို့ရှိပါတယ်။ (၅) ရခိုင်အရေးမှာ တစ်ဖက်သတ် စွပ်စွဲပုံဖော်မှုတွေကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်နေရ၊ ပုံရိပ်ကျဆင်းနေရတာတွေကို ချေဖျက်နိုင်ဖို့အတွက်နယ်ပယ်စုံက မြန်မာ့လူ့အဖွဲ့အစည်းအားလုံးပါဝင်ပြီး ကမ္ဘာတစ်ခုလုံးရဲ့ အမြင်ကို ပြောင်းလဲပစ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို ပြောင်းလဲလုပ်ဆောင်မှုတွေနဲ့ ရှေ့ဆက်နိုင်ဖို့အတွက်ဆိုရင်လည်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ Nationalism ဆိုတဲ့ အမျိုးသား ရေးဝါဒနဲ့ပဲ ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။ '' ပွင့်ပွင့်လင်းလင်းပြောရရင် Nationalism ပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါကို သွားတာ။ ကျွန်တော်ပြောချင်တာက အစွန်းရောက်အမျိုးသားရေးဝါဒ၊ လူမျိုးကြီးဝါဒကို ပြောတာမ ဟုတ်ဘူး။ အားလုံးကို စုပြီးတော့မှ Myanmar Nation လို့ခေါ်တဲ့ မြန်မာအမျိုးသားရေးဟာ ဒီစိတ်ဓာတ်နဲ့ ပြန်တက်ရမယ်။ ကိုရီးယား၊ ဂျပန် စစ်ကြီး ပြီးတဲ့အချိန်မှာ ပြန်တက်တာ ဒီအမျိုးသားရေးစိတ်ဓာတ်နဲ့ပဲ ပြန်တက်တာ။ အခြား ဘာမှမဟုတ်ဘူး။ အမျိုးသားရေးစိတ်ဓာတ်နဲ့ ကြံ့ကြံ့ခံပြီးတော့မှ ဆင်းရဲဒုက္ခတွေ ကျော်လွှားသွားတယ်။ အမျိုးသားရေးစိတ်ဓာတ်နဲ့ပဲ စုဆောင်းပြီးတော့မှ အရင်းအနှီးရှာပြီးတော့မှ အမျိုးသားရေးစိတ်ဓာတ်နဲ့ပဲ နည်းပညာတွေ ရအောင်သင်ပြီးတော့ ကြိုး စားသွားတယ်။ ဒီလိုနည်းလမ်းမျိုးနဲ့ အားလုံး လုပ်ကြရမယ်'လို့ တိုက်တွန်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ နိုင်ငံတကာဖိအားနဲ့ အကျပ်အတည်းပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီဖြစ် တဲ့ ဒီကနေ့အချိန်မှာ NLD မလို့၊ ကြံ့ခိုင်ရေးမလို့၊ နိုင်ငံရေးအကျဉ်းသားဟောင်းမလို့၊ စစ်တပ်မလို့ဆိုတဲ့ အမြင်ကျဉ်းမြောင်းမှုတွေကို ခဏဘေးဖယ်ထားပြီး ရခိုင်ပြည်ကို ဘင်္ဂါလီအစွန်းရောက်တွေရဲ့လက်ထဲ ပဲ့ပါမသွားရေးကိုပဲ အားလုံး ဝိုင်းဝန်းပြီးကာကွယ်သွားနိုင်ဖို့ပါ။ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံတော်နယ်နိမိတ်၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာကလည်း လူ့အခွင့်အရေးစကားလုံးတွေ ဖောင်းပွနေတာထက် အမျိုးသားရေးအသိ၊ အမျိုးသားရေးစိတ်ဓာတ်နဲ့ပဲ ဆက်လက်ချီ တက်မှ အဆင်ပြေဖို့ ရှိပါတယ်။ ရခိုင်ပြည်ကို အကြမ်းဖက်ဘင်္ဂါလီတွေက မီးလောင်တိုက်သွင်းနေပါပြီ။ ရိုဟင်ဂျာဆိုတဲ့ လူမျိုးလိမ်ကို တိုင်းရင်းသားဖြစ်ခွင့်ရဖို့ နိုင်ငံတော်အ တိုင်ပင်ခံနဲ့ NLD အစိုးရအပေါ် တစ်ကမ္ဘာလုံးက ဝိုင်းပြီး ဖိအားပေး၊ အနိုင်ကျင့်နေကြပါပြီ။ ရခိုင်တွေနဲ့ ရခိုင်မြေကို ကာကွယ်ဖို့အတွက် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အမျိုးသားရေးဝါဒ နဲ့ပဲ ရှေ့ဆက်သွားရလိမ့်မယ်လို့ပဲ တိုက်တွန်းလိုက်ပါတယ်။ (ရခိုင်ပြည်အရေးနှင့်ပတ်သက်၍ ၂၀၁၇ ခု၊ အောက်တိုဘာလထုတ် မဟာဝီရမဂ္ဂဇင်း အမှတ်-၂၈ ပါ မိုးအောင်လင်းနိုင်၏ ဆောင်းပါးမှ ပြန်လည်ကောက်နုတ်ဖော်ပြချက်များဖြစ်ပြီး ၂၀၁၇ ခု၊ စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် `ရခိုင်ပြည်နယ်အရေးနှင့် လုံခြုံရေးအမြင် Talk on Rakhine Issue and Security Outlook စကားဝိုင်းဆွေးနွေးပွဲကို ရည်ညွှန်းကိုးကား ရေးသားထားခြင်းဖြစ်သည်)။

No comments