ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံများအား ထိန်းသိမ်းစောင့်ရှောက်ရန် အီတလီကူညီမည်

ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံများအား ထိန်းသိမ်းစောင့်ရှောက်ရန် အီတလီကူညီမည် ================================ NG ရန်ကုန် အောက်တိုဘာ ၁၅ ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံများအား ထိန်း သိမ်းစောင့်ရှောက်ရန်အတွက် အီ တလီဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီက အကူအညီများပေးအပ်သွားမည် ဖြစ်ကြောင်း ဆင်ဟွာသတင်း ဌာနက ဖော်ပြသည်။ ရန်ကုန်မြို့ဧရိယာအတွင်းရှိ သမိုင်းဝင်အဆောက်အအုံများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အီတလီဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ သည် Yangon Heritage Trust အဖွဲ့နှင့် လက်တွဲဆောင်ရွက်သွား မည်ဖြစ်သည်။ ထိန်းသိမ်းစောင့် ရှောက်မှုလုပ်ငန်းစဉ်များကို စက် တင်ဘာ ၁ ရက်တွင်စတင်ခဲ့ကာ ၂ဝ၁၈ ခုနှစ် သြဂုတ်လအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။Yangon Heritage Trust အဖွဲ့၏လေ့လာမှုများအရ ရန်ကုန်မြို့အတွင်း၌ သမိုင်းဝင် အဆောက်အအုံ ၄ဝဝ မှ ၆ဝဝ ကြားရှိနေကြောင်းတွေ့ရှိခဲ့သည်။ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်များဖော်ဆောင်ရာ၌ သမိုင်းဝင်ရှေးဟောင်းအဆောက် အအုံများအား မူလလက်ရာမပျက် စီးအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ရန် ကြိုးပမ်းသင့်ကြောင်း လည်း Yangon Heritage Trust အဖွဲ့က တိုက်တွန်းထားသည်။## The Union Daily

No comments