ဘင်္ဂါလီအရေးပဋိပက္ခ၏ နောက်ကွယ်မှ လက်မည်းကြီးအား

ဘင်္ဂါလီအရေးပဋိပက္ခ၏ နောက်ကွယ်မှ လက်မည်းကြီးအား သိလိုက်ရချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အံ့သြ ထိတ်လန့်ခဲ့ ----------------------------------------- ရခိုင်ပြည်နယ်အတွင်း အကြမ်းက်မှု ဖြစ်စဉ်များနှင့် ဘင်္ဂါလီအရေး ပဋိပက္ခ၏ နောက်ကွယ်တွင် အဓိက ကြိုးကိုင်နေသူများအား သိလိုက်ရချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အကြီးအကျယ် အံ့သြထိတ်လန့် ခဲ့ရကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမည်မဖော်လို အနီးကပ်အကြံပေး တစ်ဦးမှ ပြောကြားခဲ့သည်ဟု The Guardian သတင်းဌာနတွင် ဖော်ပြထားသည်။ ဘင်္ဂါလီများ၏ အကြမ်းဖက်မှုအား အဓိက ကြိုးကိုင်နေသူများမှာ ထင်မှတ်ထားသလို မွတ်စလင်နိုင်ငံများမှ မဟုတ်ဘဲ ဗြိတိန်နိုင်ငံမှ အဓိက ကြိုးကိုင်နေကြောင်း သိရှိခဲ့ရသဖြင့် ထိုကဲ့သို့ အံ့သြထိတ်လန့် ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အကြံပေးမှ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံမှ ဘင်္ဂါလီအရေးအား နောက်ကွယ်မှ အဓိကကြိုးကိုင်၍ ထောက်ပံ့ထားသည့် အထောက်အထားများလည်း ရရှိထားပြီးဖြစ် သည်ဟုဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမရဲ့ခင်ပွန်းဖြစ်သူ၏ တိုင်းပြည် လည်းဖြစ်၊ သားဖြစ်သူများလည်းရှိနေသည့်နိုင်ငံ၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုအား အစဉ်တစိုက် ထောက်ပံ့ပေးခဲ့သည့် ဗြိတိန်နိုင်ငံမှ ယခုကဲ့သို့ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအား ထိပါးစေမည့် ကိစ္စများကို အစပျိုးအားပေး လုပ်ဆောင်ခဲ့လိမ့်မည်ဟု မျှော်လင့်မထားမိသောကြောင့် အကြီးအကျယ် အံ့သြထိတ်လန့်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘင်္ဂါလီအကြမ်းဖက်မှု ကိစ္စရပ်များအား ယခုထက်ပိုမို၍ သတိထားလုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ဗြိတိန်နိုင်ငံနှင့် အနောက်အုပ်စုမှ ပေးအပ်ထားသည့် ဆုတံဆိပ်များအားလုံး ပြန်လည်အပ်နှံ့တော့မည်ဖြစ်ကြောင်း အဆိုပါ အကြံပေးမှ ပြောကြားခဲ့ပါသည်။ ကိုးကား။ reuter,the guardian,cnn,channel news asia

No comments