ဒေါ်လာ ၂ သန်းတန်ဖိုးရှိ

ဆွစ်ဇာလန်နိုင်ငံရဲ့ ရေဆိုးစွန့်မြောင်းများမှ ဒေါ်လာ ၂ သန်းတန်ဖိုးရှိ ရွှေများတွေ့ရှိခဲ့ နှစ်စဉ်နှစ်တိုင်း ဆွစ်ဇာလန်နိုင်ငံရဲ့ ရေဆိုးမြောင်းများမှာ ရွှေ ၉၅ ပေါင်ခန့်ကို တွေ့ရတယ် လို့ ဆွစ်ဇာလန်နိုင်ငံရှိ Swiss Federal Institute of Aquatic Science and Technology တက္ကသိုလ်မှ ထုတ်ပြန်ခဲ့ပါတယ်။ ဒီရွှေတွေရဲ့ ယနေ့ခေတ်ပေါက်ဈေးဟာ ဒေါ်လာ ၂ သန်းဖိုးလောက် တန်ကြေးရှိပြီး လေ့လာသူတွေကတော့ ဒီရွှေမှုန်များဟာ နိုင်ငံရဲ့ နာမည်ကျော်နာရီစက်ရုံများနဲ့ ရွှေပန်းထိမ်လုပ်ငန်းများမှရွှေစများ ရေဆိုးပိုက်ထဲကို ရောက်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီလေ့လာချက်ကို ဆွစ်ဇာလန်နိုင်ငံပတ်ဝန်းကျင်ဝန်ကြီးဌာန ဦးဆောင်မှုနဲ့လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံတစ်လျှောက် ရေဆိုးသန့်စင် ၆၄ ခုမှာ လေ့လာခဲ့တာ ဖြစ်ပါတယ်။ ရွှေပန်းထိမ်လုပ်ငန်းအများဆုံးရှိတဲ့ ဆွစ်ဇာလန်နိုင်ငံ တောင်ဘက်ပိုင်းက ရေဆိုးစွန့်ပစ်စက်ရုံတွေမှာတော့ ရွှေစများကို အများဆုံးတွေ့ရှိခဲ့ရပါတယ်။ လေ့လာသူတွေကတော့ ရေဆိုးမြောင်းတွေမှာ ရွှေရှာတာဟာ အကျိုးရှိတဲ့ လုပ်ရပ်တစ်ခုပါလို့ ရေးသားခဲ့ပါတယ်။ ဆွစ်ဇာလန်ရဲ့ ရေဆိုးမြောင်းတွေထဲမှာ ရွှေအပြင်နောက်ထပ် ငွေများနဲ့ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ရှားပါးသတ္တုများကို ပါတွေ့ရှိခဲ့ရပါသေးတယ်။ အလေးချိန် ပေါင် ၆၅၀၀ ခန့်ရှိတဲ့ ငွေတွေ (ကာလတန်ကြေးနဲ့ဆို ဒေါ်လာ ၁.၈ သန်းခန့်ရှိပြီး) ဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ ရေဆိုးမြောင်းများမှာ နှစ်တိုင်းနှစ်တိုင်း ပါဝင်နေပါတယ်။ ဆွစ်ဇာလန်နိုင်ငံဟာ ကမ္ဘာ့ ရွှေသန့်စင်ရေး အချက်အခြာနေရာတစ်ခုဖြစ်ပြီး ကမ္ဘာ့ရွှေ ၇၀ ရာခိုင်နှုန်းဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ ရွှေသန့်စင်ရေးစက်ရုံတွေမှ ထွက်ရှိတာ ဖြစ်ပါတယ်။ Ref : CNN News : Scientists find gold worth $2 million in Swiss sewage လူမို (ရိုးရာလေး)

No comments