##UN
UN လုံခြုံရေး ကောင်စီ၏ ရခိုင်အရေး ဆွေးနွေးမှု နောက်ဆုံးရ သတင်းများ
-------------------------------------------------------------------------------------------------
UN လုံခြုံရေး ကောင်စီတွင် ရခိုင် အရေးနှင့် ပတ်သက်၍ ယနေ့ (NY စံတော်ချိန် အရ
စက်တင်ဘာ ၂၈ ရက်) တွင် ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ နောက်ဆုံး ဖြစ်ပေါ်ခဲ့သည့်
အခြေအနေ များကို ဖော်ပြ ပေးလိုက်ပါသည်။
နေ့လည် ၁၂း၄၄
အစည်းအဝေး မစခင် UN ဒုတိယ ပြောရေး ဆိုခွင့်ရှိသူ ဖာဟန်ဟက်က ဘင်္ဂလားဒေ့ရှ်
သို့ ထွက်ပြေးသူ ၇ သိန်း ခန့်ရှိပြီဟု UN ယူဆကြောင်း၊ ဒုက္ခသည် စခန်းတွေကို
ထောက်ပံ့ဖို့နဲ့ လမ်းပန်း ဆက်သွယ်ရေး ကောင်းဖို့ အစိုးရနဲ့ ပူးပေါင်း လုပ်ကိုင်နေကြောင်း၊
ဒုက္ခသည် တွေကို ထောက်ပံ့ဖို့ မိတ်ဖက် အဖွဲ့အစည်းတွေ ထံက ဒေါလာ ၇၇ သန်း
တောင်းထားတာ ၃၆.၄ သန်းပဲ ရသေးကြောင်း သတင်းထောက် တွေကိုပြော။
ညေန ၃း၂၅
UN အတွင်းရေးမှူးချုပ် အန်တိုနီယို ဂတ်ထရက်စ်က မြန်မာ အာဏာပိုင် တွေက
စစ်ဆင်ရေးတွေ ရပ်တန့်ဖို့ တောင်းဆိုကြောင်း၊ အထောက် အပံ့တွေ ပြတ်လပ်တာဟာ
လူမျိုးရေး ခွဲခြားမှု၊ ရာဇဝတ်မှုနဲ့ မှောင်ခိုကူးမှု တွေ ပေါက်ဖွား စေနိုင်ကြောင်း၊ ဒုက္ခသည်
တွေ နေရပ်ပြန်ဖို့နဲ့ အထောက်အပံ့ တွေရဖို့ မြန်မာ အစိုးရ ခွင့်ပြုရမှာ ဖြစ်ကြောင်း၊
မွတ်စလင် ရွာတွေ မီးလောင်တာနဲ့ လုယက် အကြမ်းဖက် ခံရတာတွေ ဆက်ဖြစ် နေ
ျသးကြောင်း အစည်းအဝေး မိန့်ခွန်းပြောသွား။ (ယခု မိန့်ခွန်းတွင် ယခင်ကလို Genocide
ဆိုသည့် စကားလုံး လုံးဝ ထည့်မသုံးတော့ သည်ကို တွေ့ရ)
ညေန ၅း၁၅
UN ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီ ဟာလေက မြန်မာ နိုင်ငံမှာ တိုင်းရင်းသား လူမျိုး
တစ်မျိုးကို ရက်ရက် စက်စက် ရှင်းလင်းပစ်တဲ့ လုပ်ရပ်တွေ ဆက်ဖြစ် နေကြောင်း၊ သံတမန်
အသုံးအနှုန်းတွေ သုံးရမယ့် အချိန် ကျော်လာခဲ့ပြီ ဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံသား တွေကို
အကြမ်းဖက်ပြီး အချင်းချင်း အမုန်း တရားတွေ ဖြစ်အောင် လုပ်နေတဲ့ မြန်မာ လုံခြုံရေး
တပ်တွေကို အရေးယူဖို့ စဉ်းစားသင့်ကြောင်း၊ မြန်မာ စစ်တပ်တွေကို ပြန်လည် ရုတ်သိမ်းပြီး
အကြမ်းဖက်ကြောင်း စွပ်စွဲမှုတွေကို စစ်ဆေး အရေးယူ သင့်ကြောင်း၊ UN အေဂျင်စီ
တွေနဲ့ တခြား အဖွဲ့တွေရဲ့ အထောက်အပံ့ တွေကို ခွင့်ပြုပြီး ဒုက္ခသည် တွေကို နေရပ် ပြန်ဖို့
ကူညီသင့်ကြောင်း အစည်းအဝေး တွင်ပြောသွား။
ညေန ၆း၀၀
UN ဆိုင်ရာ တရုတ် ဒုတိယ သံအမတ် ဝူဟိုင်တောင်က မြန်မာ နိုင်ငံမှာ မကြာသေးမီက
ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် မှုတွေကို ရှုံ့ချကြောင်း၊ လက်ရှိ အခြေအနေ များကို မြန်မြန် ဆန်ဆန်
ပြန်လည် ပြင်ဆင်ဖို့ မဖြစ်နိုင်ကြောင်း၊ ထွက်ပေါ်နေတဲ့ သတင်းတွေ ထဲမှာ ခြားနားတဲ့ အချက်
တွေနဲ့ ဆန့်ကျင်ဘက် အခြေအနေတွေ အများကြီး ရှိကြောင်း၊ ပြည်တွင်း တည်ငြိမ် အေးချမ်းရေး
အတွက် မြန်မာ အစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ခံကြောင်း၊ ဒီအခြေအနေမှာ အဖွဲ့အစည်း
အသီးသီးက အပြုသဘော ဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ရမှာ ဖြစ်သလို
အထောက် အပံ့တွေ တဆင့်ချင်း ပေးပြီး ဖြည်းဖြည်း မှန်မှန် သွားရမှာ ဖြစ်ကြောင်း၊ အပြစ်မဲ့
ပြည်သူတွေ မထိခိုက် စေဖို့နဲ့ တည်ငြိမ် အေးချမ်းဖို့ အတွက် အစိုးရအာဏာ သက်ရောက်မှု
မြန်နိုင်သမျှ မြန်မြန် ပြန်ရဖို့ မျှော်လင့်ကြောင်း အစည်းအဝေး တွင် ပြောသွား။
ညေန ၆း၄၅
UN ဆိုင်ရာ ရုရှား သံအမတ် ဗက်စီလီ နက်ဘန်ဇီယာက မြန်မာ အစိုးရ အပေါ် အလွန်အကျွံ
ဖိအားမပေးရန် သတိပေးကြောင်းနှင့် ယင်းသို့ ပြုလုပ်လျှင် အခြေအနေ ပိုဆိုး သွားနိုင်သည်သာ
ရှိကြောင်း၊ ကာလရှည်ကြာ ဖြစ်ပေါ်နေပြီး ရှုပ်ထွေး လှသည့် ပြသနာကို နိုင်ငံရေး နည်းလမ်းဖြင့်
ဆွေးနွေး ဖြေရှင်းမှုမှ လွဲ၍ အခြား နည်းလမ်း မရှိကြောင်း၊ အကြမ်းဖက်မှုကို နှစ်ဘက်စလုံးက
ရပ်တန့်ရန် လိုကြောင်း၊ မွတ်စလင် သူပုန်တွေက နယ်စပ် ရွာတွေမှာ နေတဲ့ ဟိန္ဒူ တွေကိုပါ
မွတ်စလင် တွေနဲ့အတူ ဘင်္ဂလားဒေ့ရှ် ဘက်ကို မောင်းထုတ် နေတယ်လို့ သတင်းရကြောင်း၊
ရွာတွေကို မီးရှို့တာလည်း အဲဒီ သူပုန်တွေပဲ ဖြစ်တယ်လို့ သိရကြောင်း အစည်းအဝေးတွင်
ပြောသွား။
Posted Credit: Zin Thaw Naing
Post a Comment