"မွတ်ဆလင်တို့ကြောင့် ပျက်စီးခဲ့ရသည့် ကမ္ဘာကျော် နာလန္ဒာတက္ကသိုလ်ကြီးနှင့် ၄င်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပညာသင်ရဟန်းတော်များအား သတ်ဖြတ်ပုံအကျဉ်း"
******************************************************************
အတိတ်သမိုင်းကြောင်းဟူသည် ပစ္စုပ္ပန်အတွက် အကောင်းဆုံး သက်သေပင်ဖြစ်၏။ အတိတ်ဟူသည် ကမ္ဘာကြီး၊ လူသားလောက၊ ဘာသာရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ် စသည့် အားလုံး၌ ရှိနေခဲ့ကြ၏။ ထိုကြောင့် အတိတ်ကို မယုံကြည်လို့ မဖြစ်နိုင်၊ အတိတ်တွေရှိခဲ့လို့သာ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို မွေးဖွားလာကြသည်။ စာရေးသူတို့၏ ဗုဒ္ဓဘာသာသမိုင်းဟုဆိုနိုင်သည့် ဘာသာရေးနယ်ပယ်ကို ပြန်ကြည့်မည်ဆိုပါလျှင်လည်း အနိမ့် အမြင့် အတက်အကျ၊ ဝမ်းသာစရာ၊ ဝမ်းနည်းစရာ၊ နှမြောတသသဖြစ်ဖွယ် မြောက်များစွာရှိခဲ့ပေ၏။ ဝမ်းနည်းစရာ၊ နှမြောတသသ ဖြစ်ဖွယ်ရာ မြောက်များစွာသော သမိုင်းထဲက ကမ္ဘာ့အစောဆုံး၊ ရာစုနှစ်တော်တော်များကို အရှိန်အဝါကြီးကြီး နှင့် ဗုဒ္ဓဘာသာအတွက် သမိုင်းမှတ်တိုင်များကို စိုက်ထူနိုင်ခဲ့သည့် ကမ္ဘာကျော်နာလန္ဒာတက္ကသိုလ်ကြီး၏ အတိတ်သမိုင်း စာမျက်နှာများကို စာရေးသူလက်လှမ်းမှီသလောက် လှန်ကြည့်မိပါတယ်။ ဗုဒ္ဓဘာသာကို ကမ္ဘာပြန့်အောင် ဖြန့်ဖြူးခဲ့တဲ့ တက္ကသိုလ်များစွာထဲမှ တစ်ခုအပါအဝင်လည်းဖြစ်ခဲ့တဲ့ တက္ကသိုလ်ကြီးပါ။ မွတ်ဆလင်တို့ကြောင့် ပျက်စီးခဲ့ရပါတယ်။
နာလန္ဒာဆိုသည့်အမည်သည် မြန်မာအမည်မဟုတ်ဘဲ ဆန်ဆကရစ်(Sanံkrit) ဘာသာစကားဖြစ်သည်။ ဖွင့်ဆိုပုံက Nalan- Lotus, It means a Symbol of Knowledge နှင့် Da- to give or to share, Giver of knowledge လို့ဖွင့်ပါတယ်။ နာလန်ဆိုတာ အတတ်ပညာ၊ အသိပညာကို ကိုယ်စားပြုသည့် ကြာပန်းကို ရည်ညွှန်းပြီး၊ (ဒါ)- ကတော့ ပေးခြင်းပါ။ ပုဒ်နှစ်ခုကို ပေါင်းလိုက်ရင် နာလန္ဒာဆိုတာ အတတ်ပညာ အသိပညာတွေပေးသည့် နေရာဟု အဓိပ္ပါယ်ရ၏။ ကမ္ဘာ့စစ်တမ်းများအရ ကမ္ဘာ့အစောဆုံး ဗုဒ္ဓဘာသာတက္ကသိုလ်ကြီး တစ်ခုဖြစ်ပါတယ်။ ကျောင်းအိပ် ကျောင်းစား အဆောင်နေစနစ်ကို စတင်ကျင့်သုံးခဲ့သည့် တက္ကသိုလ်ကြီးပါ။ တက္ကသိုလ်ကြီး၏ တည်နေရာက အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်၊ ဘာရဂါမ်ရွာအနီးတွင် တည်ရှိ၏။ တည်ထောင်သည့်ပုဂ္ဂိုလ်က ဗုဒ္ဓသာသနာသမိုင်း၊ အိန္ဒိယနိုင်ငံသမိုင်း၊ အိန္ဒိယနိုင်ငံသမိုင်းတွင်လည်း မောရိယအင်ပါယာ၊ အသောက အင်ပါယာဟူသည့် အင်ပါယာတို့ကို တည်ထောင်ခဲ့သည့် သီရိဓမ္မာအသောကမင်းကြီးဖြစ်ပါတယ်။ အသောကမင်းကြီးသည် BC-205 မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်းနှစ်ရာကျော်လောက်တွင် လက်ျာတော်ရံ ပညာဧတဒဂ်ရ အရှင်သာရိပုတ္တရာအား သတိရ ပူဇော်သည့်အနေဖြင့် ကျောင်းတော်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ ပါတယ်။ ယင်းကျောင်းတော်လေးအား AD-2 ရာစုတွင် မဟာယာနရဟန်းတော် အရှင်နာဂဇုနက (Madayamika school of Buddhism) ဟူသောအမည်ဖြင့် ဟိနယာန၊ မဟာယာန ဗုဒ္ဓစာပေများကို သင်ကြားပေးသည့် သင်တန်းကျောင်းလေး အဖြစ်စတင်ဖွင့်လှစ်ခဲ့တာပါ။ AD-4 ရာစုတွင် မဟာယာန ရဟန်းတော် အရိယဒေဝက Madayamika a School of Buddhism ဟူသောအမည်ဖြင့်လည်းကောင်း၊ AD-5ရာစုတွင် မဟာယာနရဟန်းတော် အရှင်အာသံယမထေရ်က Yogachara School of Buddhism ဟူသော အမည်ဖြင့်လည်းကောင်း၊ အမည်အမျိုးမျိုးဖြင့် မဟာယာန ဟိနယာန ဗုဒ္ဓစာပေများကို အဓိကသင်ကြားပေးသော သင်တန်းကျောင်းလေး အဖြစ်မှသည် AD-5ရာစုအလွန်လောက်တွင် အသောကမင်းဆက် ကုမာရဂုပ္ပထမင်း လက်ထက်တွင် ကမ္ဘာကျော်နာလန္ဒာတက္ကသိုလ်ကြီး အဆင့်ထိ ရောက်အောင် ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့လေသည်။ ကုမာရဂုပ္ပတမင်းသည် ဗုဒ္ဓဘာသာ ပညာရေးကို အထူး အားပေးသော မင်းတစ်ပါးဖြစ်ပါတယ်။ တက္ကသိုလ်ကြီး၏ မြေနေရာများအပါအဝင် လယ်ဧကပေါင်း မြောက်များစွာကို ကျောင်းမြေအဖြစ် သတ်မှတ်လှူဒါန်းပေးခဲ့ပါတယ်။ ယနေ့အချိန်အခါ၌ အိန္ဒိယရှေးဟောင်း ယဉ်ကျေးမှုနှင့် သုတေသနဌာန၏ လေ့လာတွေ့ရှိချက်အရ (၂၄၅၉၄)ဧက ကျယ်ဝန်းသည်ဟု သိရလေသည်။ AD-606 to AD-647 ရာစုတွင် ပါလမင်းဆက် ဟရသျှမင်း လက်ထက်တွင် ကျောင်းမြေများကို ထပ်ဆင့်တိုးချဲ့ကာ ကျောင်းသားအနေအဆောင်ပေါင်း (၁၈၀)နှင့် ကျယ်ပြန့်သော စာသင်ခန်းများ၊ တရားဟော၊ တရားထိုင်ခန်းမကြီးများကိုလည်း တင့်တယ်ခမ်းနားစွာ ဆောက်လုပ်ပေးခဲ့သလို မြေပေါက်စေတီ(၁၀)ဆူကိုလည်း တည်းထားကိုးကွယ်ခဲ့ပါတယ်။ ကျောင်းသားနေ အခန်းများကိုလည်း တစ်ယောက်အိပ်ခန်း၊ နှစ်ယောက်အိပ်ခန်းများဖြင့် ပြုလုပ်ထားပြီး ကျောင်းဆောင်တိုင်း၏ အလည်တစ်ထပ်စီတွင် အခန်းပေါင်း လေးဆယ်အထိ ပါဝင်သည်ဟု သိရ၏။ တရားဟောခန်း၊ တရားထိုင်ခန်းမကြီး၊ စာသင်ခန်းများအပြင် ကျောင်းဆောင်တိုင်း၏ အလည်တွင် ၁၂ပေ ပတ်လည် ကျယ်ဝန်းသော အုတ်ရေတွင်းကြီး တစ်တွင်းကျစီ တူးဖော်ပေးထား၏။ ကျောင်းဆောင်များ၏ ဘေးပတ်လည်တွင်လည်း အရောင်အသွေးစုံလင်သော ပန်းဥယာဉ်များ၊ ကြာမျိုးစုံဖူးပွင့်နေသော ရေကန်ကြီးများကိုလည်း ဖန်တီးပေးထားလေသည်။ တက္ကသိုလ်ကြီးတွင် အဆောင်နေကျောင်းသားပေါင်း (၁၀၀၀၀)ကျော်နှင့် ဆရာပေါင်း(၂၀၀၀)ကျော် ရှိသည်ဟုသိရ၏။ စာသင်ခန်းများ၌ မရှင်းလင်းသည့် အရာများရှိပါက အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်ရန် ဆရာနှင့်ကျောင်းသားများကို အတူတကွ နေထိုင်စေရန် ဖန်တီ


No comments