##ဇာဘုရင်
ရုရှားဇာဘုရင် နန်းတော်တစ်ခုလုံးအား ချုပ်ကိုင်ခဲ့တဲ့ မှော်ဆရာကြီး (သို့) ထူးခြားသောအစွမ်းတွေနဲ့ ရပ်ပူတင် အပိုင်း (၁)
==========================================
ရှရှားနို်င်ငံ၏ နောက်ဆုံးမင်းဆက်ကို စိတ်ညို့အား မှော်အတတ်ပညာအားတွေနဲ့ ချုပ်ကိုင်ပြီး.. နန်းတွင်းရေးနင့် ..အစိုးရအဖွဲ့အပေါ် မလျော်သြဇာပေးပြီး…မိမိလိုချင်သလို ကြိုးဆွဲနိုင်ခဲ့တဲ့ …ရပ်ပူတင် (သို့) မှော်ဆရာကြီး ရပ်ပူတင်အကြောင်း တင်ပြလိုက်ပါတယ် ။
သူနာမည်အရင်းက..Grisha Efimovich.@ Gregory ပါ ။ ဖခင်က မြင်းလှည်းမောင်းသမား ။ ရာသီဥတု ဆိုးဝါးလှတဲ့ ရုရှားနိုင်ငံ ..Siberia အရပ်မှာမွေးဖွားသူ ။
အသက် ၁၂ နှစ်မှာ အဖျားကြီးပြီး..သေလုသေခင်ကနေ ပြန်ကောင်းလာစမှာ….သူအိပ်ယာဘေး..ရွာထဲကလူတွေက ဆင်းရဲသားတယောက်၏ မြင်းအခိုးခံရာတာပြောနေတော့.. သူက အိပ်ယာထဲက ထပြီး..ရွာထဲက လူကြီးလူကောင်းဖြစ်သူ..Peter ကိုလက်ညိုးထိုးပြီး..သူ….ခိုးထားတာလို့ စွပ်စွဲလိုက်ပါတယ် ။ မိဘတွေက..သူကယောင်ကတန်းပြောမိတာပါတောင်းပန်ပေါ့ ။ နောက်ရက်တွေမှာ..ရွာသားတချို့က Peter ကို မသင်္ကာလို့ နောက်ယောင်ခံလိုက်ကြည့်တော့..မြင်းကို တောထဲမှာဝှက်ထားတာ အစားသွားကျွေးနေတာမိပါလေရော ။
ငယ်စဉ် ဖခင်နှင့်အတူ ကူညီလုပ်ကိုင်တယ် ။ ကြားဖြတ်လက်သမားလဲလုပ်တယ် ။
လူပျိုပေါက်စအရွယ် ရွာထဲက မိန်းခလေးတွေကို..ချိန်းတွေ့ဖို့ လိုက်ပြော..အဆင်ပြေလျင် ကာမကျူ းလွန်တတ်သူ ဖြစ်လာပါတယ် ။
မိန်းခလေးတချို့ကလဲ သိသိနဲ့လက်ခံကြတယ် ။
အဲဒီကထဲက ရွာသားတွေက အံ့သြပြီး သူ့ကို ရပ်ပူတင်လို့ ခေါ်ကြတယ်
အဓိပ္ပာယ်က မသေမည့်သူ ( အမရ ) ပေါ့ ။
တခါမှာ Orthodoxဘာသာရေးကျောင်းသားတဦးက သူရဲ့မြင်းလှည်းကိုငှားပြီး မိုင်ထောင်ချီဝေးတဲ့ရုရှားနိုင်ငံအလယ်ပိုင်းက ဘာသာရေးကျောင်းတော်ကို လိုက်ပို့ခိုင်းပါတယ် ။
လမ်းမှာ ဆွေးနွေးကြရင်း ဟိုဘာသာရေးကျောင်းသားက သူ့အကြားအမြင် အသိကြွယ်မှုကို အားရပြီး ကျောင်းမှာ ကြာကြာလေးနေကြည့်ဖို့ တို်က်တွန်းပါတယ် ။ သူနေကြည့်လိုက်တော့ ထိုကျောင်းက နယ်နယ်ရရကျောင်းမဟုတ်မှန်း တစတစသိလာတယ် ။
ထိုကျောင်းဟာ သာမန် အော်သိုဒေါ့ ကျမ်းစာသင်ကျောင်းလို မဟုတ်ဘဲ အော်သိုဒေါ့ အယူအဆတွေနှင့် ဆန့်ကျင်သည့် ဒိတ္ထိဝါဒ ဂိုဏ်းတခုဖြစ်နေတာ သိလာပါတယ် ။
ဒီဂိုဏ်းက လွန်ခဲ့သော အနစ် ၂၀၀ ကျော်က စတင်ခဲ့တဲ့ဂိုဏ်းပါ ။ Khlysty လို့ အမည်တွင်တဲ့ ဂိုဏ်းဖြစ်ပါတယ် ။
အဓိက ကျတဲ့အချက်နစ်ချက် ရှိပါတယ် ။
ဘုရားသခင် နှင့် တကယ်ထိတွေ့နိုင်သူဟာ တရားဥပဒေအထက်မှာ ရှိရမည် နှင့် ..............
ဘုရားသခင်ကို မိမိကိုယ်ထဲ အထိဝင်လာနိုင်ဖို့ လိင်ကိစ္စမှာ ကာမဆန္ဒကို အထွဋ်အထိပ်ရောက်မှသာ ရရှိနိုင်မည် တဲ့ ။
စနေနေ့ည ဆိုလျင် ထိုဂိုဏ်းဝင်တွေဟာ အဝတ်ဖြူ ပါးပါးလွာလွာလေးတွေ ဝတ်ဆင်ရပြီးတောနက်ထဲ..သို့မဟုတ် ဇာခန်းစည်း ထူထူကာထားတဲ့ခန်းတွေထဲမှာ စုဝေးရပါတယ် ။ ဖယောင်းတိုင်မီးမှိန်မှိန်အောက်မှာ သီချင်းဆိုကကြရပါတယ် ။ ခေါင်းဆောင်လုပ်သူက ကြာပွတ်နှင့် နာကျင်အောင်ရိုက်နှက်ပြီး ကာမဆန္ဒ အထွဋ်အထိပ်ရောက်လာပြီဆိုမှ စိတ်လွတ်လက်လွတ် လိင်ဆက်ဆံကြရပါတယ် ။
ရုပ်ရင်းကြမ်းတမ်းစွာ ဆက်ဆံကြရပါတယ် ။
ကာမေသု တွေဘာတွေဘေးချိတ် ၊ လင်ရှိတာ မရှိတာဘေးချိတ်ပြီး စည်းလွတ်ဝါးလွတ် သောင်းကျန်းကြတာပါ ။
ထိုသို့ကာမဆန္ဒအထွဋ်အထိပ်ရောက်သူမှသာ ဘုရားသခင်နှင့် တွေ့နိုင်မည်ဟု ယူဆသူတွေပါ ။
ထိုဘုန်းကြီးကျောင်းမှာ ၄ လခန့်နေခဲ့ပါတယ် ။
ရပ်ပူတင်က နောက်ပိုင်း နာမည်ကြီးလာချိန်မှာ ထိုဂိုဏ်းနင့်မပတ်သက်ကြောင်း အစဉ်တစိုက်ငြင်းပါတယ် ။
မည်သို့ပင်ငြင်းငြင်း သူရဲ့ လုပ်ပုံတွေက ထိုဂိုဏ်း၏ အယူအဆတွေ လွှမ်းမိုးနေပါတယ် ။
ရပ်ပူတင်ရဲ့အယူအဆက လူတဦးဟာ အပြစ်လုပ်ပြီးမှနောင်တရကာ ဘုရားကိုတကယ်နှစ်နှစ်ကာကာတောင်းပန်လျင် ဘုရားနှင့်တွေ့နိုင်မည် ။
မိမိ၏ပန်ကြားချက်ကို ဘုရားသခင် သိနို်င်မည် ။
သူက မိန်းမတယောက်ကို လိင်ဆက်ဆံတော့မည်ဆိုလျင် ထိုစကားတွေ တဖွဖွရိုက်သွင်းပြီးမှ ဆက်ဆံတော့တာပါ ။
အပြစ်လုပ်ထားတာဟာ ဘုရားနှင့်တွေ့နို်င်ရန်လိုအပ်သော ပဏာမပြင်ဆင်မှုလို့ နားချပါတယ် ။
တစ်ရက် လယ်ထွန်နေရင်း သူ့အာရုံမှာ မယ်တော်မာရီယာ နှင့် တမန်တော်နတ်သား ထောင်ပေါင်းများစွာ (Virgin Mary & Thousand of Angels) ကိုမြင်လာတယ်လို့ ဆိုပါတယ် ။
သူ့အိမ်သားတွေကိုပြောပြတော့ ဘယ်သူမှ မယုံနိုင်ကြပါဘူး ။
သူက သူ့ကိုဘုရားသခင်က တာဝန်ပေးရန်ရှိသည့်အတွက် ဆိုပြီး ဂရိနိုင်ငံ Mount Athos တောင်ပေါ်ကျောင်းဆီကို မိုင် ၂၀၀၀ ကျော်ခရီးကို ခြေလျင်လျောက်သွားခဲ့ပါတယ် ။
၂ -နှစ်အကြာမှာပြန်လာပြီး တော်တော်လေးပြောင်းလဲသွားတဲ့သူ အဖြစ်ပြန်ရောက်လာပါတယ် ။
အရကမသောက်တော့ဘဲ မိန်းမလိုက်စားတာလဲ မလုပ်တော့ပါ ။
ေန့စဉ် အိမ်ကထပ်ခိုးမှာ ဘုရားစာတွေ ရွတ်ဖတ်နေတတ်ပါတယ် ။
ရွာထဲကလူတွေ နေမကောင်းဖြစ်နေလို့ သူက ဆုတောင်းပေးလိုက်လျင် ပျောက်ကင်းကုန်ပါတယ် ။
မကြာမှီအချိန်အတွင်း အခြားနယ်တွေအထိ သူ့ရဲ့သတင်းပြန့်နှံ့ကုန်ပါတယ် ။
ရပ်ပူတင်ဟာ သူတော်စင် ဖြစ်သွားပြီ သည်ဖြင့်ပါ။
သို့နှင့် ရွာကခရစ်ယာန်ဘုန်းတော်ကြီး နှင့် ထိပ်တိုက်တိုးပါတော့တယ် ။ ဘုန်းတော်ကြီးက ရပ်ပူတင်၏ အပြစ်ရှိမှသာ ဘုရားနှင့် တွေ့ခွင့်ရှိသည်ဆိုတာကို မကျေနပ်လက်မခံနိုင် ။
ရပ်ပူတင်ကို မျက်နာချင်းဆုံပြီး ဆွေးနွေးတော့ ဘုန်းတော်ကြီး စကားယှဉ်မပြောနိုင်တော့ ။
ဒါနဲ့ဘဲ ဘုန်းတော်ကြီးက ဗဟိုခရစ်ယန်ဂိုဏ်းချုပ်ဆီကို စာရေးပြီး အကူအညီတောင်းလိုက်တယ် ။
ဂိုဏ်းချုပ်က အလွန်လူလေးစားပြီး နာမည်ကျော်တဲ့ Bishop တပါးလွှတ်လိုက်ပါတယ် ။
Bishop ကရွာထဲကလူတွေ ကိုမေးမြန်းတော့ အားလုံးကနှုတ်ပိတ်နေကြပါတယ်။ Bishop လည်းစုံစမ်းမရ ဖြစ်နေတယ် ။
ရဲအရာရှိတယောက်ကို ရပ်ပုူတင်ဆီလွှတ်လိုက်တယ် ။
သူလဲ ရပ်ပူတင်နဲ့တွေ့ဆုံ ပြန်လာအပြီးမှာ ဘာမှ မေးမရတော့ပါဘူး ။ Bishop လဲ တချိုးထဲ လစ်ပြေးရပါတော့တယ် ။
အဲဒီနောက်တော့ ရပ်ပူတင်ဟာ သူ့ရွာမှာ မပျော်ပိုက်တော့လို့ ခြေဦးတည့်ရာကို ထွက်သွားပါတော့တယ် ။
၁၉၀၃ ခုနစ်ဒီဇင်ဘာလမှာ ရုရှားမြို့စားကတော်ကြီးတွေဖြစ်တဲ့ Militsa နှင့် Anastasia တို့နဲ့ မိတ်ဆက်ပေးခြင်းခံလိုက်ရ
ပါတယ် ။
ထိုမြို့စားကတော်များဟာ ဇာဘုရင်ရဲ့ညီဝမ်းကွဲတွေနှင့် အိမ်ထောင်ကျထားသူတွေပါ ။
နန်းတော်အသိုင်းအဝိုင်းမှာ အတွင်းစည်းကလူတွေပါ ။
သူတို့ကလဲ ပရောဂကို ယုံသူတွေဆိုတော့ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးပေါ့ ။
သူတို့ဟာ စည်းစိမ်အာဏာနဲ့ ပြည့်စုံပေမဲ့ လောကကိုငြီးငွေ့နေသူတွေဆိုတော့ ရပ်ပူတင်အပြောတွေနှင့် အံကိုက်ဖြစ်ကုန်ကြဖြစ်ပါတယ် ။ တန်ခိုးထူးကိုမျှော်နေချိန် ရပ်ပူတင်က အကြိုက်ပြောပေးနိုင်တော့ အိုကေ စိုပြေပေါ့ ။
ရပ်ပူတင်ကလဲ မြို့စားကြီးတစ်ပါးရဲ့ခွေး သေလုလုဖြစ်နေတာကို ချက်ချင်းပြန်ကောင်းအောင် စိတ်နဲ့ကုပေးလိုက်တော့ သတင်းက တဟုန်ထိုးကျော်သွားပါလေရော ။
ဆက်ရန်
Written By Billy H. Mackenzie
Translated By THUTAMM
From သုတဇုန်
Post a Comment