#Save_Myanmar

ဘင်္ဂါလီခိုးဝင်ပြဿနာ ဘယ်ကစ
----------------
ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာနဲ့ပတ်သက်ပြီး အနောက်အုပ်စုနဲ့ တချို့နိုင်ငံတကာအဖွဲ့အစည်းတွေက ဖုံးကွယ်ချန်လှပ်ထားခြင်းနည်းလမ်းတွေနဲ့ သေးသိမ်မှေးမှိန် ပျာက်ကွယ်သွားအောင် ပြုလုပ်ထားကြတယ်
၁။ ရိုဟင်ဂျာလူမျိုးဆိုတဲ့ အမည်မှာ ဗြိတိသျှကိုလိုနီကာလတစ်လျှောက်လုံး တရားဝင်စာရွက်စာတမ်းတွေမှာ လုံးဝမပါရှိတဲ့ အမည်ဖြစ်တယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအရ လူမျိုးသစ်တစ်ခုအဖြစ်ဖန်တီးဖို့ တီထွင်လာခဲ့တဲ့ အမည်တစ်ခုဖြစ်တယ်။ ထိုအသိုက်အဝန်းကို ဗြိတိသျှတို့က စစ်တကောင်းသားတွေ Chittagonian လို့ ခေါ်ဝေါ်သုံးစွဲခဲ့တယ်။
၂။ ဘင်္ဂါလီဆိုတာ အိန္ဒိယတိုက်နယ်အရှေ့ပိုင်း ဘင်္ဂလားဒေသတစ်ခုလုံးမှာနေထိုင်သူတွေဖြစ်ကြပြီး အရှေ့ဘင်္ဂလားမှာ မွတ်စလင်ဘင်္ဂါလီတွေ၊ အနောက်ဘင်္ဂလားမှာ ဟိန္ဒူဘင်္ဂါလီတွေလို့ လူမျိုးတူ၊ ဘာသာကွဲ အုပ်စုနှစ်ခုရှိတယ်။ နောက်ကျမှ အနောက်ဘင်္ဂလားဟာ အိန္ဒိယသမ္မတနိုင်ငံရဲ့ပြည်နယ်တစ်ခုဖြစ်သွားပြီး အရှေ့ဘင်္ဂလားက အရှေ့ပါကစ္စတန်၊ ပြီးမှ ဘင်္ဂလားဒေ့ရှ်ဆိုပြီး ဖြစ်လာတယ်။ ဒါ့ကြောင့် ဘင်္ဂါလီလို့ ခါ်ခြင်းဟာ အရှေ့နဲ့ အနောက်နှစ်ခုပေါင်းဘင်္ဂလားဒေသမှ လာတဲ့သူတွေမို့သာ ခေါ်ခြင်းသာဖြစ်တယ်။
၃။ ဒုတိယကမ္ဘာစစ်အတွင်း၁၉၄၂ ခုနှစ် ဂျပန်အဝင် အင်္ဂလိပ်အဆုတ် ကာလမှာ ကြီးမားတဲ့ လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားခဲ့တယ်။ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ရခိုင်ရွာအများစု လုံးဝဖျက်ဆီးခံခဲ့ရတယ်။စစ်ကြီးပြီးတော့ ဒီဒေသကို အင်္ဂလိပ်တပ်တွေနဲ့အတူ ဘင်္ဂါလီတွေ ပြန်ပြီးဝင်ရောက်အခြေချ လွှမ်းမိုးထားခဲ့တယ်။
၄။ အရှေ့ပါကစ္စတန်နိုင်ငံသစ် အတွင်းကို ဘူးသီးတောင်နဲ့
မောင်တောဒေသတို့ကို ထည့်သွင်းပူးပေါင်းဖို့ လက်နက်ကိုင် မူဂျာဟစ် လှုပ်ရှားမှုကို မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းက စတင်လုပ်ဆောင်ပြီး ပုန်ကန်ခဲ့ကြတယ်။
၅။ အရှေ့ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် ရောက်ရှိခဲ့ချိန်တွေမှာ
စစ်တကောင်းဘင်္ဂါလီအများအပြား သဘာဝဘေးနဲ့ စစ်ဘေး့တွေကြာင့် မြန်မာနိုင်ငံ ရခိုင်ဒေသအတွင်းကို ထွက်ပြေးခိုးဝင်လာခဲ့ကြတယ်။
၆။ ၁၉၇၁ ခုနှစ်မှာ စစ်ဘေးကြောင့် ဝင်ရောက်လာသူတွေကိုနှစ်နိုင်ငံအစီအစဉ်နဲ့ ပြန်ပို့ခဲ့ပေမယ့် အစစ်ဆေးမခံလိုသူတွေ တစ်ဖက်နယ်စပ်ကို အလုံးအရင်းနဲ့ ထွက်ပြေးခဲ့ကြလို့ ပြဿနာဖြစ်ခဲ့ပြီး နိုင်ငံတကာဖိအားတွေကြောင့် ပြန်လည်လက်ခံခဲ့ရတယ်။
၇။ ၁၉၉၁ ခုနှစ် မှာ စွမ်းအားပြင်းထန်တဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့်စစ်တကောင်းဒေသမှာ လူသိန်းချီသေဆုံးပြီး မြန်မာနိုင်ငံဘက်ကို ဘင်္ဂါလီအများအပြားပြေးဝင်လာခဲ့ကြပြန်တယ်။ အရင်လိုပဲ အစစ်မခံလိုသူတွေ တစ်ဖက်နိုင်ငံကိုပြေးတယ် တစ်ဖက်နိုင်ငံကလည်း သူတို့ရဲ့ နိုင်ငံသားတွေ မဟုတ်ဘူးဆိုပြီး လက်ခံဖို့ ငြင်းဆိုခဲ့တဲ့အတွက် နောက်တစ်ကြိမ် ပြဿနာဖြစ်ရပြီး နိုင်ငံတကာဖိအားကြောင့် လက်ခံခဲ့ရပြန်တယ်။
၈။ ယခုတစ်ကြိမ် ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြောင်း အထောက်အထားပြနိုင်မှသာ စိစစ်လက်ခံခဲ့တယ်။
ဒါ့ကြောင့်နိုင်ငံသားဥပဒေကို တင်းတင်းကျပ်ကျပ် ချမှတ်ထားရခြင်းဖြစ်တယ်။
၉။ အနောက်မီဒီယာတွေနဲ့ အနောက်အုပ်စုရဲ့ အမြင်အရ ဘင်္ဂါလီမှန်သမျှခိုးဝင်မရှိ၊ နှစ်ပေါင်းရာနဲ့ချီပြီး နေထိုင်ခဲ့ကြသူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို ခိုင်ခိုင်မာမာပြန်လည်ချေဖျက်ဖို့ လိုလာတယ်။ ဒီအတွက် အရင်တုန်းကအနောက်နိုင်ငံတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာဝန်ရှိသူတွေကိုယ်တိုင် မြန်မာနိုင်ငံမှာ ခိုးဝင်ဘင်္ဂါလီ အမြောက်အမြားရှိပါတယ်လို့ ဖော်ပြထားတဲ့ စာရွက်စာတမ်း အထောက်အထားတွေ ရှိနေပါတယ်။ ဒါတွေကို လူသိများနိုင်သလောက် များအောင်လုပ်နိုင်မှသာ မျက်စိမှိတ်ပြီး ခြေစုံကန်ငြင်းနေသူတွေနဲ့ မသိဟန်ဆောင်နေသူတွေကို မငြင်းနိုင်အောင် သတင်းအချက်အလက်အမှန်အကန်တွေနဲ့ လုပ်ဆောင်နိုင်ပါလိမ့်မယ်။
၁၀။ ဘင်္ဂလားဒေ့ရှ်မြန်မာဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက “ရခိုင်ဒေသမှာ ဘင်္ဂလားဒေ့ရှ်က ကျူးကျော်ဝင်ရောက်လာသူဦးရေသန်းတစ်ဝက်(ငါးသိန်း)ခန့်အထိရှိပြီး မြန်မာဘက်က သူတို့ကိုနှင်ထုတ်ဖို့ အခွင့်အရေးရှိပါတယ်”လို့ အရင်တုန်းက ပြောခဲ့ဘူးတယ်။
၁၁။ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက တိုင်းထားတဲ့ ကျူးဝင်သူဦးရေငါးသိန်းဆိုတာ အခုနှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီ လူဦးရေတိုးနှုန်းနဲ့ တွက်ရင် ရခိုင်ဒေသမှာဘင်္ဂါလီတွေ ဘယ်လောက်တောင်တိုးလာမလဲ။ သချင်္ာမတတ်တဲ့သူတောင် တွက်ဆနိုင်ကြမယ်လို့ ထင်ပါတယ်...
ကိုကိုလှိုင်

No comments