အကဲမစမ်းနဲ့

ကန်ထရိုက်က ကွန်ကရစ်လမ်းအား သတ်မှတ်နှုန်းအတိုင်း မခင်းသဖြင့် စည်ပင်ပြန်ဖြိုဖျက် ________________________________________ 29.9.2017 မြိတ်မြို့၊ ရွှေပြည်တန်လမ်းမကြီးအား ကန်ထရိုက်က သတ်မှတ်စံနှုန်းအတိုင်း လမ်းမခင်းလို့ စည်ပင်သာယာရေးကော်မတီက ပြန်လည်ဖြိုဖျက်ခဲ့ပါတယ်။ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်ရပ်ကွက်ရှိ ရွှေပြည်တန်လမ်း မကြီးကို ကွန်ကရစ်လမ်းခင်းရာမှာ တာဝန်ယူထားတဲ့ ကန်ထရိုက်က သတ်မှတ်ထားတဲ့ ပေအတိုင်းမခင်းပဲ ပေလျော့ခင်းထားလို့ မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီက စက်တင်ဘာ ၂၈ ရက်နေ့မှာ စတင်ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။ “ကန်ထရိုက်က ကျနော်တို့ အမြဲတာဝန်ပေးနေတဲ့အဖွဲ့ပါ။ လမ်းကော်မတီတွေ၊ အရပ်သားတွေကလည်း ဒီရက်ပိုင်းမှာ ရာသီဥတုဆိုးရွားနေလို့ ကြီးကြပ်မှုအပိုင်းမှာ အားနည်း မှုဖြစ်သွားတယ်။ ဒါကိုအခွင့်ကောင်းယူပြီး သတ်မှတ်ထားတဲ့ ၆ လက်မခင်းရမယ့် ကွန်ကရစ်ထုကို ၅ လက်မ၊ ၄ လက်မ စသဖြင့်ခင်းသွားတယ်၊ ကျနော် ကိုယ်တိုင်သွားရောက်စစ်ဆေးတော့ တကယ်ပဲ ပေတွေလျော့ပြီး ခင်းထားတာတွေ့ရတယ်။ ဒါကြောင့် ဘက်ဟိုးနဲ့ ချက်ချင်းပြန်တူးပစ် လိုက်တယ်။ ကန်ထရိုက်ကိုလည်း သတ်မှတ်ထားတဲ့ ထုထည်အတိုင်းပြန်ခင်းဖို့ ညွှန်ကြားခဲ့ပါတယ်” လို့ မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားခဲ့ပါတယ်။ ရွှေပြည်တန်လမ်းမကြီးကို အရှည်ပေ ၂၇၀၀ ၊ အနံ ၂၄ ( စည်ပင် ၁၂ ပေ + ပြည်သူ ၁၂ ပေ ) ထုထည် ၆ လက်မခင်းဖို့ စီစဉ်ထားသလို အစိုးရနဲ့ ပြည်သူပူးပေါင်းဆောင်ရွက်နေတဲ့ လမ်းမကြီးတခုဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအနေထားအရ ပေ ၁၀၀၀ အထိ ခင်းထားပြီးဖြစ်ကာ စံနှုန်းမညီတဲ့ ကွန်ကရစ်လမ်းမှာ ပေ ၁၈၀ အထိတွေ့ရှိရလို့ စံနှုန်းမမီတဲ့ နေရာများကို ပြန်လည်းတူးဖော် နေကြာင်း သိရပါတယ်။ “စည်ပင်သာယာရေးကော်မတီရဲ့ ဆောင်ရွက်ချက်ကို လေးစားပါတယ်။ ဒီလိုပြတ်ပြတ်သားသားလုပ်မှ နောက်ပိုင်း ကန်ထရိုက်တွေလည်း နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို အလွဲသုံးစား မလုပ်ရဲတော့မှာ၊ အခုရပ်ကွက်သားတွေကတော့ ဒီလိုဆောင်ရွက်ပေးတဲ့အတွက် ကျေနပ် အားရသွားကြတယ်၊ လမ်းကော်မတီတွေအနေနဲ့လည်း သေချာစောင့်ကြည့်သွားမယ်လို့ ပြောနေပါတယ်”လို့ ရွှေပြည်တန်လမ်းတွင်နေထိုင်သူတဦးက ပြောပါတယ်။ အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာ ပြည်သူနဲ့ အစိုးရပူးပေါင်းပြီး လမ်းအများအပြားကို ကွန်ကရစ်ခင်းတာတွေ ဆောင်ရွက်နေကြောင်းသိရပါတယ်။ မြတ်ထွဋ် ( မြိတ် ) DVB TV News Credit...ကိုရန်​နိုင်​​ဆွေ

No comments