##Myanmar

မြန်မာ့တပ်မတော်နှင့်တွဲဖက်ပြုလုပ်နေသည့်အစီအစဉ်များကို သြစတြေးလျဆက်လက်ဖော်ဆောင်မည် ======================================= NG ရန်ကုန် စက်တင်ဘာ ၂၉ ================= သြစတြေးလျကာကွယ်ရေး ဝန်ကြီးဌာနသည် မြန်မာ့တပ် မတော်နှင့်ပူးတွဲပြုလုပ်လျက်ရှိ သောအစီအစဉ်များကိုဆက်လက် ဖော်ဆောင်မည်ဟု အတည်ပြုခဲ့ သည်။ သြစတြေးလျကာကွယ်ရေး ဝန်ကြီးဌာနသည် အမေရိကန်ဒေါ် လာ သုံးသိန်းခန့်ကုန်ကျမည်ဟု ခန့်မှန်းထားသော အစီအစဉ်များ ကို မြန်မာ့တပ်မတော်နှင့်ပူးတွဲ ဖော်ဆောင်နေခြင်းဖြစ်သည်။ သြစတြေးလျကာကွယ်ရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က မြန်မာ့တပ်မတော်နှင့်ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရသည့် အဓိကရည်ရွယ်ချက်မှာ မြန်မာ့ တပ်မတော်အားနိုင်ငံတကာဥပဒေ များနှင့်ကိုက်ညီသောအနေအထား သို့ရောက်ရှိစေရန်နှင့် ပရော်ဖက် ရှင်နယ်တပ်မတော်ဖြစ်လာစေရန် ဆိုသည့်အချက်များဖြစ်ကြောင်း၊ အဆိုပါရည်ရွယ်ချက်များကို ဖော် ဆောင်ရန်အတွက် မြန်မာ့တပ်မ တော်နှင့်အပြန်အလှန်ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ် ရန် မဖြစ်မနေလိုအပ်မည်ဖြစ် ကြောင်း၊ထို့ကြောင့်သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့တပ်မတော်နှင့်ပူးတွဲဖော် ဆောင်လျက်ရှိသော အစီအစဉ် များကိုမဖျက်သိမ်းဘဲ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

No comments