##Look inside
မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဒါမျိုးဥပဒေမဲ့ပစ္စည်းတွေသယ်နေကြတာပါ
မူးယစ်ဆေးများကိုလဲအလားတူသယ်ကြပါသည်
ကချင်ပြည်နယ်မှမဟုတ်ပါဘူး
နယ်စပ်ဂိတ်များမှ လည်းဒါမျိုး ဗန်းပြပြီးသယ်ကြပါသည်
အထူးသဖြင့် မူးယစ်ဆေးဝါးများကို သယ်ယူကြပါသည်
ဂိတ်များမှမဟုတ်ပဲ ဒေသခံ အာဏာပိုင်များ မဟုတ်ပဲ
ပြည်ထောင်စုအဆင့်မှ သတင်းပေးများစနစ်တကျမွေးပြီး
ဆောင်ရွက်သင့်ပါသည်
အောင်မြင်ပါစေ အစိုးရသစ်
*************************
၁၂ ဘီး ဆီသယ်ဘောက်ဆာယာဉ် ၂စီးအတွင်း၌
လျှိ ု့ဝှက် ၍ တရားမဝင်သယ်ဆောင်လာသော အမိုးနီးယမ်းနိုက်ထရိတ်များ ဖမ်းဆီးရမိ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ စစ်တပ်ကုန်းတွင် စက်တင်ဘာ ၂၄ရက်နေ့ က ၁၂ ဘီးဆီသယ်ဘောက်ဆာယာဉ်၂စီး အတွင်း၌လျှိ ု့ဝှက်၍ တရား မဝင်သယ်ဆောင်လာသော အမိုးနီးယမ်းနိုက်ထရိတ်များကိုတွေ့ရှိသဖြင့် စနစ်တကျ စစ်ဆေးကာ အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ် ။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ရက်နံနက် ၁၁း၅၀ နာရီအချိန်က နယ်မြေခံတပ်ရင်းအဖွဲ့မှ မိုးညှင်း မြို့ရှောင်လမ်းတွင် မသင်္ကာသည့် ဆီဘောက်ဆာယာဉ် ၂စီးအား လိုက်လံစစ်ဆေးခဲ့ရာ ၁၂ ဘီးဆီသယ်ဘောက်ဆာယာဉ်အတွင်း၌သိုလျှိ ုဝှက်၍တရား မဝင်သယ်ဆောင်လာသော အမိုးနီးယမ်းနိုက်ထရိတ်များဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ် ။
အဆိုပါဖမ်းဆီးရမိသော အမိုးနီးယမ်းနိုက်ထရိတ်များမှာ ယာဉ်အမှတ် 8I /----------- Nissan (၁၂ဘီးဘောက်ဆာ) ယာဉ်မောင်း မင်းသန့်စိုး ၂၄နှစ်(ဘ)ဦးစိုးမြင့် မီးရထားရပ်ကွက် ကောလင်းမြို့နေသူနှင့် ယာဉ်အမှတ် 3C/--------------- Nissan (၁၂ဘီးဘောက်ဆာ) ယာဉ် မောင်း ဦးညီလေး ၄၄ နှစ်(ဘ)ဦးလှအောင် ရွာသစ်ကြီး ဟိုပင်မြို့တို့ကို နယ်မြေခံတပ်ရင်းအဖွဲ့မှ မော်ဟန်စစ်တပ်ကုန်းစခန်း တွင် စက်တင်ဘာ ၂၄ရက်နေ့နှင့်၂၅ ရက် နေ့တို့က စနစ်တကျ စီစစ်ရေတွက်ခဲ့ရာ တစ်စီးလျှင် အမိုးနီးယမ်းနိုက်ထရိတ်(၂၅၀)လုံးခန့်နှင့်(၂)စီးအတွက်စုစုပေါင်း (၅၀၀)လုံးခန့်တို့ကိုသိမ်း ဆည်းရမိခဲ့၍ ၎င်း ယာဉ်မောင်း၂ဦးကိုဥပဒေအရအရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ် ။
Cyclone Mawlu
Via: Lwin Oo
Post a Comment