##Credit

နဂါးမင်း ဘာလဲ ဟင်္သာ ဘယ်လဲ (၁) ====================== . " နဂါးမင်း " ဆိုသည်မှာ - ၁၉၇၈ ခုနှစ် နှစ်ဦးတွင် - ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၌ - ပြုလုပ်ခဲ့သော စီမံချက် တစ်ခုဖြစ်၏.....၊ . " နဂါးမင်းစစ်ဆင်ရေး " ဟု - ယခုအခါ ခေါ်ဝေါ်သုံးစွဲနေကြသော်ငြား .... ကာကွယ်ရေးဝန်ကြီးဌာန၏ - သောင်းကျန်းမှု နှိမ်နင်းသည့် စစ်ဆင်ရေးမဟုတ် - ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်ရှိ- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက - ဆောင်ရွက်ခဲ့ခြင်းသာ ....၊ . စီမံချက်ချ ဆောင်ရွက်ခဲ့ရခြင်းမှာ .... နိုင်ငံခြားသားများ ခိုးဝင် စိမ့်ဝင်နေခြင်း - နိုင်ငံတော်၏ စီးပွားရေးစနစ်နှင့် .... လူမှုရေးကိစ္စများတွင် .... နိုင်ငံခြားသားများ ဝင်ရောက်နှောက်ယှက်နေခြင်း - တည်ဆဲဥပဒေများကို ဖေါက်ဖျက်နေသော.... နိုင်ငံခြားသားများ ရှိနေခြင်း - နယ်စပ်ဒေသရှိ .... ကျေးရွာများတွင် အိမ်ထောင်စု လူဦးရေစာရင်း.... စစ်ဆေးရန်လိုခြင်း - တို့ကြောင့်ပင်ဖြစ်ပါ၏...၊ . ထို့ပြင် - နှောင်းလူတို့ အသိမှတ်မဲ့ ရှိနေကြသည့် ... အချက် ၁ ချက်လည်းရှိပါသေးသည် - ၎မွာ - " နဂါးမင်းစီမံချက် " ဆောင်ရွက်သည်မှာ - " ရခိုင်ပြည်နယ် " တစ်ခုတည်းဟု မှတ်ထင်နေကြခြင်းပင် ...၊ . အမွန္မူ - ချင်းပြည်နယ်၏ ထန်တလန် နှင့် တွန်းဇံ မြို့နယ်တွင်၎င်း - စစ်ကိုင်းတိုင်း၏ ကလေး နှင့် တမူး မြို့နယ်တွင်၎င်း - ကချင်ပြည်နယ်၏ မြစ်ကြီးနား နှင့် ဗန်းမော် မြို့နယ်တွင်၎င်း - မန္တလေးတိုင်း၏ မေမြို့မြို့နယ်တွင်၎င်း - နဂါးမင်းစီမံချက်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး - ရှမ်းပြည်နယ်တွင်ကား .... စီမံချက် အမည်ပြောင်းပြီး " ၀သန်ဦး " ဟု ဆောင်ရွက်ခဲ့ခြင်းပါ ...၊ . အခြားမည်သည့် - ပြည်နယ် နှင့် တိုင်း အသီးသီးတွင်မျှ - ထွက်ပြေးတိမ်းရှောင်ခြင်း ပြသနာ မရှိခဲ့ချေ - ရခိုင်ပြည်နယ်တွင်း၌လည်း - အဓိက ျပႆနာမွာ - ဘူးသီးတောင်နှင့်.... မောင်းတောမြို့နယ်များတွင်သာဖြစ်ခဲ့ခြင်းဖြစ်ပါ၏....၊ . သို့အတွက် - နဂါးမင်း အမည်နှင့်တွဲလျက် - သိမွတ္မိၾကသည္မွာ - ရခိုင်ပြည်နယ်သာ ဖြစ်ခဲ့ခြင်းပါ ....၊ + + + ( ၂၀၁၆ စက်တင်ဘာ ၂၉ တွင် တင်ခဲ့ပြီးသောပို့စ်ဖြစ်၏) မူရင်း : ဇင် လင်း ထက် (Myanmar Military Literature)

No comments